Connect with us

China

တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား ကုန်သွယ်မှုများ လျင်လျင်မြန်မြန်တိုးတက်လာ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ချန်ရှားမြို့ရှိ တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ရုံးချုပ်အဆောက်အအုံ၌ အာဖရိက ထွက်ကုန်ပစ္စည်းများအား ခင်းကျင်းပြသထားပုံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံက အာဖရိကနိုင်ငံများနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာနက်ရှိုင်းစေရန် ဆက်လက်လုပ်ဆောင်ခဲ့ရာ ပို့ကုန်၊ သွင်းကုန်ပမာဏ လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း စက်တင်ဘာ ၂ ရက်တွင် အကောက်ခွန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ယွမ် ၁၀၀ ဘီလီယံနီးပါး ရှိခဲ့ရာမှ ယွမ် ၁.၉၈ ထရီလီယံအထိ တိုးတက်လာခဲ့ကာ နှစ်အလိုက် ပျမ်းမျှတိုးတက်မှုနှုန်းသည် ၁၇.၂ ရာခိုင်နှုန်းရှိခဲ့သည်ဟု အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) က ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တရုတ်-အာဖရိက ကုန်သွယ်မှုပမာဏသည် ယမန်နှစ်ကာလတူထက် ၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ယွမ် ၁.၁၉ ထရီလီယံရှိခဲ့ပြီး အဆိုပါကာလတူအတွက် သမိုင်းတစ်လျှောက် အမြင့်ဆုံးရောက်ရှိခဲ့သည်ဟု GAC က ဆိုသည်။
တရုတ်နိုင်ငံမှ အာဖရိကတိုက်သို့ သင်္ဘော၊ မော်တော်ယာဉ်နှင့် လေရဟတ်အစိတ်အပိုင်းများ တင်ပို့မှုသည် လွန်ခဲ့သော ကာလတူနှစ်များထက် ၄၄.၈ ရာခိုင်နှုန်း၊ ၃၅.၈ ရာခိုင်နှုန်းနှင့် ၂၅၃.၁ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း သိရသည်။

ထို့အတူ တရုတ်နိုင်ငံက အာဖရိကတိုက်မှ နှမ်း၊ ဆေးရွက်ကြီးနှင့် မက္ကာဒေးမီးယားအသီးများကို ပြည်တွင်းသို့တင်သွင်းမှုသည်လည်း လွန်ခဲ့သော ကာလတူနှစ်များထက် ၃၈.၈ ရာခိုင်နှုန်း၊ ၃၂.၇ ရာခိုင်နှုန်းနှင့် ၁၀၆.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် အခိုင်အမာဆုံးဖြတ်ထားသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများအကြား စက်မှုလုပ်ငန်းဆိုင်ရာ ဆက်ဆံမှုများသည်လည်း ပိုမိုနီးကပ်လာခဲ့ကြောင်း အထွေထွေ အကောက်ခွန်ဦးစီးဌာနမှ အရာရှိတစ်ဦးဖြစ်သူ လွီတာ့လျန်က ပြောကြားခဲ့သည်။ (Xinhua)
………………………..
(English Version)
China, Africa see rapid trade growth
BEIJING, Sept. 2 (Xinhua) — China has continued to deepen trade cooperation with African countries in recent years, with a rapid increase in the scale of imports and exports, data from customs authorities showed on Monday.
From 2000 to 2023, trade scale between China and Africa expanded from less than 100 billion yuan (about 14.08 billion U.S. dollars) to 1.98 trillion yuan, with an average annual growth rate of 17.2 percent, according to the General Administration of Customs (GAC).
During the January-July period of this year, China-Africa trade rose 5.5 percent year on year to 1.19 trillion yuan, reaching a historical high for the same period, said the GAC.
China’s ships, automobiles and wind turbine units exports to Africa increased by 44.8 percent, 35.8 percent and 253.1 percent year on year, respectively, during the period.
Meanwhile, China’s imports of sesame, flue-cured tobacco and macadamia nuts from Africa increased by 38.8 percent, 32.7 percent and 106.2 percent, respectively, compared to the previous year.
China has long been committed to deepening economic and trade cooperation with Africa, and the industrial ties between China and Africa have become increasingly close, said Lyu Daliang, an official with the GAC. Enditem
English Caption
Commodities from Africa are displayed at the China-Africa Economic and Trade Headquarters Building in Changsha, central China’s Hunan Province, July 22, 2024. (Xinhua/Chen Zhenhai)