Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ချန်ပီယံလိဂ်တွင် အက်သလက်တီကိုနှင့် ဘာစီလိုနာတို့ နောက်ကျအနိုင်ဂိုးများဖြင့် နိုင်ပွဲကိုယ်စီရရှိ
ဇန်နဝါရီ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အက်သလက်တီကို မက်ဒရစ်နှင့် လေဗာကူဆင် အသင်း၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် အက်သလက်တီကိုက ဦးဆောင်ဂိုး အသွင်းခံထားရသော်လည်း ဟူလီယို အယ်လ်ဗာရက်ဇ်၏ နောက်ကျအနိုင်ဂိုးနှင့်အတူ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးထွက် (၁၆ သင်း) သို့ တက်ရောက်နိုင်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။
ပွဲချိန်နောက်ဆုံးမိနစ်တွင် လေဗာကူဆင်က အနိုင်ဂိုးရရှိရေးအတွက် ကစားသမားများ ရှေ့သို့တက်ဖိနေချိန်တွင် အိန်ဂျယ် ကော်ရီယာ၏ ပေးပို့မှုမှတစ်ဆင့် အယ်လ်ဗာရက်ဇ်က အက်သလက်တီကိုအတွက် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုက လေဗာကူဆင်အား ဘောလုံးပိုင်ဆိုင်မှု အသာစီးယူခွင့်ပေးထားပြီး ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ဆင်ရန် ပြင်ဆင်လျက် ပွဲကိုစတင်ခဲ့သည်။ ပွဲချိန် ၂၄ မိနစ်တွင် ကွင်းလယ်လူ ပတ်ဘလို ဘာရီယို့စ် ဖျက်ထုတ်ပုံကြမ်းသဖြင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ကာ ထုတ်ပယ်ခဲ့ပြီးနောက် အက်သလက်တီကိုအနေဖြင့် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။
သို့သော် ပွဲပြီးရန် ၁၅ မိနစ်အလိုတွင် လေဗာကူဆင်ကစားသမား ဟင်ကက်ပီ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသဖြင့် တစ်ဖက် ၁၀ ယောက်စီ ဖြစ်သွားခဲ့ရာ အက်သလက်တီကိုအတွက် နေရာလွတ်များ ပိုရလာပြီးနောက် အယ်လ်ဗာရက်ဇ်က အနိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကိုအနေဖြင့် ၇ ပွဲ ကစားပြီးချိန်တွင် ၁၅ မှတ် ရရှိထားကာ လာမည့်တစ်ပတ်တွင် ဆဲလ်ဘတ်နှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
နာမည်ကြီး ဘာစီလိုနာအသင်းကလည်း ဘင်ဖီကာအား ၂-၄ ဖြင့် ရှုံးနိမ့်နေရာမှ ၅-၄ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
…..
— ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ပြီးနောက် အစောပိုင်းတွင် ရုန်းကန်ခဲ့ရဟု အမ်ဘာပေ ဖွင့်ဟ
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ၎င်းအနေဖြင့် ပြီးခဲ့သည့် နွေရာသီ၌ ပီအက်စ်ဂျီအသင်းမှ ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းသစ်တွင် အံဝင်အောင်လုပ်ဆောင်ရာ၌ အခက်အခဲများကို‌ ကျော်လွှားရန် အချိန်ယူခဲ့ရကြောင်း ဇန်နဝါရီ ၂၁ ရက်က ဖွင့်ဟပြောဆိုခဲ့သည်။
အမ်ဘာပေမှာ ပုံမှန်ခြေစွမ်းပြနိုင်ရန် အစောပိုင်းတွင် ရုန်းကန်ခဲ့ရပြီး ပင်နယ်တီနှစ်ကြိမ်တိတိ လွဲချော်ခဲ့သော်လည်း လွန်ခဲ့သော သီတင်းပတ်များအတွင်း ၎င်း၏ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိလာခဲ့ကာ ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ လက်စ်ပါမားအသင်းနှင့် ပွဲစဉ်တွင်လည်း နှစ်ဂိုးသွင်းယူခဲ့ပြီး ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၈ ဂိုး သွင်းယူထားပြီးဖြစ်သည်။
ဆဲလ်ဘတ်အသင်းနှင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း အဆိုပါ ပြင်သစ်လက်ရွေးစင် ကစားသမားက အစောပိုင်းတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ဖွင့်ဟဝန်ခံခဲ့ခြင်းဖြစ်သည်။
…..
— မန်ချက်စတာစီးတီးအသင်းက ပါလ်မီးရက်စ် လူငယ်နောက်ခံလူ ဗစ်တာဟေးစ်အား ထပ်မံခေါ်ယူ
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းက ဘရာဇီးကလပ် ပါလ်မီးရက်စ်အသင်းမှ အသက် ၁၉ နှစ်အရွယ် ဗဟိုနောက်ခံလူ ဗစ်တာဟေးစ်အား ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ နှစ်ရက်အတွင်း ကစားသမားနှစ်ဦး ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
စီးတီးအနေဖြင့် ဟေးစ်အား ခေါ်ယူရန် ပေါင်သန်း ၃၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၃၆.၅ သန်း) ခန့် အသုံးပြုခဲ့သလို ပြင်သစ်ကလပ် လန်းစ်အသင်းမှ အသက် ၂၀ အရွယ် ဥဇဘက်ကစ္စတန် ဗဟိုနောက်ခံလူ အက်ဘ်ဒူကိုဒီယာ ခူဆာနော့ဗ်အား အလားတူ ပြောင်းရွှေ့ကြေးပမာဏဖြင့် ခေါ်ယူခဲ့ပြီး တစ်ရက်အကြာ၌ ၎င်း ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။ ဟေးစ်အနေဖြင့် ပါလ်မီးရက်စ်အသင်းအတွက် ၁၉ ပွဲ ပါဝင်ကစားထားသလို ဘရာဇီး ယူ-၁၇ အသင်းအတွက်လည်း ပါဝင်ကစားပေးခဲ့သည်။
…..
— ၂၀၂၅ ခုနှစ် အင်ဒိုနီးရှား မာစတာစ် ကြက်တောင်ပြိုင်ပွဲတွင် တရုတ်ကစားသမားများ လက်စွမ်းပြအနိုင်ရရှိ
၂၀၂၅ ခုနှစ် အင်ဒိုနီးရှား မာစတာစ် ကြက်တောင်ပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အစ္စတိုရာ ဆီနာယန် အားကစားကွင်း၌ စတင်ကျင်းပခဲ့ရာ တရုတ်ကြက်တောင်အားကစားသမား အများအပြား နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွင် Xie Haonan နှင့် Zeng Weihan တို့က အင်ဒိုနီးရှားမှ Sabar Karyaman Gutama နှင့် Moh Reza Pahlevi Isfahani တို့အား ၁၅-၂၁ ၊ ၂၁-၁၅၊ ၂၁-၁၆ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ၎င်းပွဲစဉ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပြီး သုံးပွဲယှဉ်ပြိုင်ကစားခဲ့ရသည်။
အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင်လည်း Li Yijing နှင့် Luo Xumin တို့က တရုတ် (ဟောင်ကောင်) မှ Fan Ka Yan နှင့် Yau Mau Ying တို့အား ၂၁-၁၂၊ ၂၁-၇ မှတ်ဖြင့် အပြတ်အသတ် အနိုင်ယူခဲ့သလို Jia Yifan နှင့် Zhang Shuxian တို့ကလည်း တစ်နိုင်ငံတည်းမှ ကစားသမားများဖြစ်သည့် Kang Shuliang နှင့် Wang Zimeng တို့ကို ၂၁-၁၇၊ ၂၁-၁၂ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)


……………….
(English Version)
Late drama as Atletico Madrid and Barca both take vital Champions League wins
Atletico Madrid came back from a goal down to beat Bayern Leverkusen 2-1 with a late goal from Julio Alvarez that puts the team very close to assuring its qualification for the last 16.
Alvarez won the game in the last minute when he ran onto a pass from Angel Correa as Bayer looked for a winning goal and was caught with men pushing forward.
Atletico began by allowing Bayer to control the ball while sitting deep and looking to play on the break. Atletico was reduced to 10 men after 24 minutes when midfielder Pablo Barrios was sent off after a VAR review for a high challenge.
It was 10 against 10 with 15 minutes left to play when Hincapie was shown a second yellow for a push on Giuliano Simeone, and with the extra space, Alvarez was able to score a goal that left Atletico with 15 points from seven games ahead of a visit to Saltzburg next week.
FC Barcelona booked its place in the last 16 of the competition after a dramatic 5-4 win away to Benfica after trailing 4-2.
…..
Mbappe admits early struggles at Real Madrid
Real Madrid forward Kylian Mbappe admitted on Tuesday that he needed time to overcome problems adapting to the club following his move from Paris Saint-Germain last summer.
Mbappe initially struggled for form and even missed two penalties, but has returned to his best in recent weeks, notching a brace against Las Palmas at the weekend to claim 18 goals in all competitions so far this season.
Speaking to the press ahead of Real Madrid’s vital Champions League tie at home to RB Salzburg, the France international admitted his initial problems were all in his head.
…..
Manchester City signs young defender Reis from Palmeiras
Manchester City completed its second signing in two days with the arrival of 19-year-old central defender Vitor Reis from Brazilian side Palmeiras.
Reis cost City just under 30 million pounds (36.5 million U.S. dollars), with his arrival coming just a day after the arrival of 20-year-old Uzbekistan center-back Abdukodir Khusanov from French side Lens for a similar fee. Reis has already played 19 times for Palmeiras and has turned out for Brazil’s U-17 team.
…..
Chinese shuttlers secure key wins on opening day of 2025 Indonesia Masters
The 2025 Indonesia Masters badminton tournament opened on Tuesday at Istora Senayan Sports Stadium in Jakarta, with multiple Chinese shuttlers advancing to the next round.
In the men’s doubles, Xie Haonan and Zeng Weihan defeated Indonesia’s Sabar Karyaman Gutama and Moh Reza Pahlevi Isfahani in a thrilling three-set match, 15-21, 21-15, 21-16.
In the women’s doubles, Li Yijing and Luo Xumin overpowered Fan Ka Yan and Yau Mau Ying from China’s Hong Kong 21-12, 21-7, while Jia Yifan and Zhang Shuxian defeated compatriots Kang Shuliang and Wang Zimeng 21-17, 21-12.