ဘာလင်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဂျာမနီအစိုးရက အစ္စရေးနိုင်ငံသို့ လက်နက်တင်ပို့မှုအပေါ် ၎င်း၏ တစ်စိတ်တစ်ပိုင်းကန့်သတ်ချက်များအား ရုပ်သိမ်းမည်ဖြစ်ပြီး နိုဝင်ဘာ ၂၄ ရက်တွင် စတင်အသက်ဝင်စေမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်၌ ကြေညာခဲ့သည်။ ယင်းကန့်သတ်ချက်များကို မူလက သြဂုတ်လတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကွမ်ကျိုး၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲနိုဝင်ဘာ ၁၇ ရက်က အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်မှ အသက် ၁၆ နှစ်အရွယ် တာတိုအပြေးသမား ချန်ယွီကျယ် က အနိုင်ရရှိကာ အာရှ ယူ ၂၀...
ဒူဘိုင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ၁၉ ကြိမ်မြောက် ဒူဘိုင်းလေကြောင်းပြပွဲကို ဒူဘိုင်းကမ္ဘာ့ဗဟိုဌာန၌ နိုဝင်ဘာ ၁၇ ရက်က ဖွင့်လှစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် C919 လေယာဉ်နှစ်စင်းကို အရှေ့အလယ်ပိုင်းဒေသတွင် ပွဲဦးထွက်ပြသခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏မော်တော်ကားတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ၁၅.၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်နိုင်ငံမော်တော်ယာဥ်ထုတ်လုပ်ရောင်းချသူများအသင်း အချက်အလက်များ အရသိရသည်။တရုတ်နိုင်ငံသည် အထက်ပါကာလအတွင်း မော်တော်ယာဥ်အစီးရေ ၅.၆ သန်းတင်ပို့ခဲ့ကြောင်း အချက်အလက်များကပြသခဲ့သည်။
ဘာလင်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု-A ပွဲစဉ်၌ ဂျာမနီက ဆလိုဗက်ကီးယားကို ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပြီး ကမ္ဘာ့ခြေစစ်ပွဲစဉ်များကို ရလဒ်ကောင်းဖြင့် အဆုံးသတ်နိုင်ခဲ့သည်။
လားဆ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ပိုတာလာနန်းတော်ကို ဒီဇင်ဘာ ၁ ရက်မှစတင်၍ တနင်္လာနေ့တိုင်း ပိတ်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က တရားဝင်ဝက်ဘ်ဆိုက်၏ကြေညာချက်အရ သိရသည်။
– တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆီးရီးယားနိုင်ငံခြားရေး တွေ့ဆုံဆွေးနွေး – တရုတ်နှင့် ရုရှားတို့က ရင်းနှီးမြှုပ်နှံမှုနှင့် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရေးဆောင်ရွက်မည် – ယခုနှစ်အတွက် စပိန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ၂.၉ ရာခိုင်နှုန်းဟု ပြင်ဆင် – ဂျပန်နိုင်ငံ၏ စီးပွားရေး တတိယသုံးလပတ်ကာလအတွင်း ၁.၈ ရာခိုင်နှုန်း ကျဆင်းလာ – အီရတ်ရွေးကောက်ပွဲက...
ဆိုးလ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ကိုရီးယားနှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မတော်တဆ ပဋိပက္ခများ မဖြစ်ပွားစေရန်နှင့် စစ်ရေးတင်းမာမှုများ လျှော့ချရန်အတွက် တောင်ကိုရီးယားနိုင်ငံက မြောက်ကိုရီးယားနိုင်ငံ (DPRK) နှင့် စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပရန် နိုဝင်ဘာ ၁၇ ရက်တွင် ကမ်းလှမ်းခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီချန်သည် ၂၄ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင် နိုင်ငံများ၏ အစိုးရအကြီးအကဲများကောင်စီ အစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ ၁၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတကာစားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) ဥက္ကဋ္ဌ Petra Sorling က လျိုကော်လျန် အား ITTF ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်လိုက်ကြောင်း ကမ္ဘာ့စားပွဲတင်တင်းနစ်အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။