Connect with us

News

နယူးဇီလန်နိုင်ငံတွင် တတိယမြောက် COVID-19 ကာကွယ်ဆေးကို ယာယီခွင့်ပြု

နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော နယ်စပ်အလုပ်သမားတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လ်လင်တန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ ဆေးဝါးကြီးကြပ်ရေးအာဏာပိုင် Medsafe က AstraZeneca COVID-19 ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအား အသုံးပြုရန် ဇူလိုင် ၂၉ ရက်က ယာယီခွင့်ပြုလိုက်ကြောင်း သိရသည်။

နယူးဇီနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ကုမ္ပဏီနှင့် ဝယ်ယူရေးသဘောတူညီချက်မှတစ်ဆင့် AstraZeneca COVID-19 ကာကွယ်ဆေး ၇.၆ သန်းကို ရရှိထားပြီးဖြစ်ကာ လူဦးရေ ၃.၈ သန်းအတွက် ဖူလုံမှုရှိကြောင်း COVID-19 ရောဂါတုံ့ပြန်ခြင်းဆိုင်ရာ ယာယီဝန်ကြီး Ayesha Verrall က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“AstraZeneca COVID-19 ကာကွယ်ဆေးက ကျွန်တော်တို့ COVID-19 ကာကွယ်ဆေးအတွက် ဆေးဝါးကုမ္ပဏီနဲ့ ဆေးဝယ်ယူရေး သဘောတူညီချက်လေးခုအနက် တစ်ခုဖြစ်ပါတယ်” ဟု Verrall က ပြောခဲ့သည်။

“အခု ကျွန်မတို့က ကာကွယ်ဆေး သုံးမျိုးကို ယာယီအသုံးပြုဖို့ ခွင့်ပြုထားတော့ ကံကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။ အစိုးရအဖွဲ့က AstraZeneca COVID-19 ကာကွယ်ဆေးကို အသုံးပြုဖို့ရှိမရှိ စဉ်းစားနေပါဆဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့ရာတွင် AstraZeneca အနေဖြင့် နယူးဇီလန်နိုင်ငံမှ အခြားသော ပစိဖိတ်နိုင်ငံများထံ လှူဒါန်းနိုင်ရန် အရေးပါတဲ့ ခြေလှမ်းလည်း ဖြစ်ကြောင်း Verrall က ဆိုသည်။

AstraZeneca COVID-19 ကာကွယ်ဆေးသည် နှစ်ကြိမ်ထိုးနှံရန် လိုအပ်ကြောင်းနှင့် သာမန် အအေးခန်းအပူချိန် (၂ မှ ၈ ဒီဂရီစင်တီဂရိတ်) တွင် ထားသိုနိုင်သည်။ ကာကွယ်ဆေးများ ပထမအကြိမ်တင်ပို့မှုကို ဩဂုတ်လကုန်ပိုင်းတွင် ဖြစ်နိုင်ပြီး ကာကွယ်ဆေးတင်ပို့မှု အစီအစဉ်များကို အတည်ပြုရန် တာဝန်ရှိသူများက AstraZeneca နှင့် အနီးကပ်လုပ်ဆောင်နေကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်သည် Pfizer COVID-19 ကာကွယ်ဆေး ထွက်ရှိမှုအပေါ် ဦးတည်ထားလျက်ရှိကြောင်း၊ ကာကွယ်ဆေး ရောက်ရှိမှု မြင့်တက်လာခြင်းနှင့်အတူ လုပ်သားအင်အားကိုလည်း အရှိန်မြှင့်တင်ထားကြောင်း Verrall က ပြောခဲ့သည်။ (Xinhua)————————————
(English Version)
New Zealand provisionally approves third COVID-19 vaccine
2021-07-29 11:08:49
WELLINGTON, July 29 (Xinhua) — New Zealand’s regulatory authority Medsafe on Thursday granted provisional approval of the AstraZeneca COVID-19 vaccine for individuals aged 18 and older.
New Zealand secured 7.6 million doses of the AstraZeneca vaccine, enough for 3.8 million people, through an advance purchase agreement with the company last year, Acting Minister for COVID-19 Response Ayesha Verrall said in a statement.
“The AstraZeneca COVID-19 vaccine is one of four purchase agreements we have with pharmaceutical companies for COVID-19 vaccines,” Verrall said.
“We are in a fortunate position to now have three vaccines receive provisional approval. Cabinet is yet to consider whether to use the AstraZeneca COVID-19 vaccine in New Zealand,” she said.
However, this is an important step towards enabling the donation of AstraZeneca from New Zealand to Pacific countries, where we have made commitments, Verrall said.
The AstraZeneca COVID-19 vaccine requires two doses and is stored at normal fridge temperatures (2 to 8 degrees Celsius). The first delivery could be as early as late August, and officials are working closely with AstraZeneca to confirm delivery schedules.
The immunization plan in New Zealand remains focused on rolling out the Pfizer COVID-19 vaccine. The workforce is ramping up in line with increased deliveries, Verrall said. Enditem
Photo : A border worker receives a dose of the COVID-19 vaccine in Auckland, New Zealand, Feb. 20, 2021. New Zealand’s COVID-19 vaccination official roll-out began on Saturday when border workers received their first vaccinations in Auckland’s quarantine facility. (Xinhua)