Connect with us

News

မောင်တောမြို့ရှိ ရွာပေါင်း ၈၂ရွာတွင် ရေချိုငါးကန်များ တူးဖော်ပေးမည်

ကျေးရွာများတွင် တူးဖော်ပေးထားသော ရေချိုငါးကန်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ကျေးရွာပေါင်း ၈၂ ရွာတွင် တစ်ရွာလျှင် ရေချိုငါးကန်တစ်ကန် စီမံချက်ဖြင့် ပြည်နယ် အစိုးရဘတ်ဂျက်ဖြင့် တူးဖော်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောဒေသတွင်း အကြမ်းဖက်ခံရ ပြီးနောက် ဒေသခံများ လတ်တလော စားသုံးမှုအဆင်ပြေစေရန်အတွက် ရေချို ငါးမွေးမြူရေးကန်များကို တူးဖော်ပေးမည်ဖြစ်ကြောင်း၊

လက်ရှိ ကျေးရွာငါးရွာတွင် တစ်ဧက ငါးမွေးမြူရေးကန် တစ်ကန်စီ တူးဖော်၍ တစ်ကန်လျှင် ငါးကောင်ရေ ၅ဝဝဝ ထည့်သွင်းပေး ထားကြောင်း သိရသည်။

လက်ရှိတွင် တိုင်းရင်းသားကျေးရွာများဖြစ်ကြသည့် ရွှေဗဟိုလ်၊ ခရေမြိုင်၊ ဖားဝပ်ချောင်း၊ အောင်ဇေယျ၊ မောရဝတီ စသည့် ကျေးရွာငါးရွာတွင် ရေချိုငါး မွေးမြူရေးကန်များ တူးဖော်ပေးထားပြီး တစ်ကန်လျှင် ငွေကျပ် ၆၂ သိန်းခွဲခန့် ကုန် ကျကြောင်း သိရသည်။

တိုင်းရင်းသားကျေးရွာ ၈၂ ရွာ တွင် အကောင်အထည်ဖော်ပေးမည့် ငါးကန်များအတွက် ငါးသားပေါက်များကို မြို့သူကြီး ရေချိုငါးသားဖောက်စခန်းမှ ထောက်ပံ့ပေးမည် ဖြစ်သော်လည်း ယင်းငါးသားဖောက်စခန်းမှာ သေးငယ် နေပြီး လုံလောက်စွာ ပေးနိုင်မည်မဟုတ် သဖြင့် တိုးချဲ့သွားရန် ပြည်နယ်အစိုးရ အား တင်ပြထားကြောင်း၊ ငါးမြစ်ချင်း၊ တီလားပီးယား၊ ရွှေဝါငါးကြင်း၊ ထိုင်း ငါးခုံးမ၊ ငါးတန်၊ ငါးသိုင်းခေါင်းပွ စသည့် ငါးမျိုးများကို ဆေးထိုး သားဖောက်ကာ တစ်ကောင်လျှင် ငွေကျပ် ၃ဝ ဝန်းကျင် ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း နှင့် ငါးလုပ်ငန်းလုပ်ကိုင်လိုသည့် တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ဌာနသို့ တင်ပြဆွေးနွေး၍ လုပ်ကိုင်နိုင် ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.