Connect with us

News

မြစ်ကြီးနားမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၄၀၀၀ ကျော်ဖိုး ဘိန်းဖြူများဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများ နှင့်ဘိန်းဖြူများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် ငွေကျပ် ၄၀၆၅.၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ ၁၅း၃၀နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ မြစ်ကြီးနားမြို့နယ်၊ ၂၁ မိုင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ဘချမ်ဂွန်အောင်(ခ)မာဂွန် မောင်းနှင်ပြီး မခေါန်မိုင်၊ မရွယ်ဂျားနှင့် မဆိုင်းဆန့် တို့လိုက်ပါလာသည့် မော်တော်ယာဉ်ရောက်ရှိလာ၍ရှာဖွေရာ မော်တော်ယာဉ်၏နောက်ခန်း ထိုင်ခုံကျောမှီအံဝှက်အတွင်း၊ ယာဉ်၏ရှေ့ပိုင်း(ဝဲ/ယာဘက်)ပါးခြမ်းနှင့် ရွှံ့ကာကြားရှိအံဝှက်များအတွင်းတို့မှ ဘိန်းဖြူဆပ်ပြာခွက် ၂၄၃ ခွက်( ဘိန်းဖြူ အလေးချိန် ၂.၆၇၃ ကီလို)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ ကွင်းဆက်အရ ၁၆၄၅ အချိန် ပူးပေါင်းအဖွဲ့သည် စီတာပူရပ်ကွက် ဂင်ဒိုင်လမ်းသွယ်တွင် ကွမ်းဂျာလွမ်း မောင်းနှင်ပြီး ဘောက်နန်လိုက်ပါလာသည့် မော်တော်ယာဉ်ကိုပိတ်ဆို့ရှာဖွေရာ မော်တော်ယာဉ်၏ နောက်ခန်း ကျောမှီထိုင်ခုံအံဝှက်အတွင်း၊ ယာဉ်၏ရှေ့ပိုင်း(ဝဲ/ယာဘက်)ပါးခြမ်းနှင့် ရွှံ့ကာကြားအံဝှက်များ အတွင်းတို့မှ ဘိန်းဖြူဆပ်ပြာခွက်၂၁၉ ခွက်(ဘိန်းဖြူ အလေးချိန် ၂ .၄၀၉ ကီလို)နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကိုလည်းကောင်း( စုစုပေါင်း ငွေကျပ် ၄၀၆၅.၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၄၆၂ ခွက်၊ ဘိန်းဖြူ အလေးချိန် ၅.၀၈၂ကီလို)သိမ်းဆည်းရမိခဲ့သဖြင့် ဘချမ်ဂွန်အောင်(ခ) မာဂွန် (၂၄)နှစ်၊မခေါန်မိုင်(၂၂)နှစ်၊မဆိုင်းဆန့်(၂၄)နှစ်၊မရွယ်ဂျား(၂၃)နှစ်၊ကွမ်းဂျာလွမ်း(၂၂)နှစ်၊ဘောက်နန် (၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.