Connect with us

ASEAN

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai တို့ ဖေဖော်ဝါရီ ၁၉ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

 

ဗီယင်ကျန်း ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ထိုင်း နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai တို့ သည် ဖေဖော်ဝါရီ ၁၉ ရက် တွင် လာအို နိုင်ငံ ဗီယင်ကျန်း မြို့ ၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တွေ့ဆုံစဉ် အတွင်း ဝမ်ရိ က ကပ်ရောဂါ ဖြစ်ပွား ချိန်တွင် ထိုင်း နိုင်ငံ တော်ဝင် မိသားစု မှ အစ ထိုင်း နိုင်ငံ အစိုးရ နှင့် နယ်ပယ် အသီးသီး မှ အသိုင်းအဝိုင်း တို့ သည် တရုတ် နိုင်ငံ အပေါ် ကူညီမှုများ ပြုလုပ် ခဲ့ရာ တရုတ်-ထိုင်း နှစ်နိုင်ငံ ပြည်သူလူထု အကြား တစ်မူထူးခြား သည့် စစ်မှန်သော သံယောဇဉ် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ အထူးသဖြင့် ထိုင်း နိုင်ငံ ဝန်ကြီးချုပ် Prayut Chan-o-cha က သီးသန့် ဗီဒီယို တစ်ခု ရိုက်ကူး၍ တရုတ် နိုင်ငံ အထူးသဖြင့် ဝူဟန့် အပေါ် အားပေးခဲ့ခြင်း က နှစ်နိုင်ငံ သံယောဇဉ် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ထိုင်း နိုင်ငံ အနေဖြင့် WHO ၏ အကြံပြုချက် ကို လေးစားပြီး သင့်လျော်သော ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း အပေါ် ချီးမွမ်းကြောင်း ၊ ကပ်ရောဂါ ပြီးဆုံးသွားချိန်တွင် တရုတ်-ထိုင်း နှစ်နိုင်ငံ ပြည်သူလူထု အကြား သွားလာဆက်ဆံရေး က ပိုမို နီးကပ်လာမည် ဖြစ်ပြီး နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရေး မှာလည်း ပိုမို နက်ရှိုင်းစွာ အဆင့်မြှင့်တင် နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံ တို့ သည် တောတောင်ရေမြေချင်း ထိစပ်နေပြီး ကံကြမ္မာ အကျိုးတူ ဖြစ်ကြကြောင်း ၊ အာရှငွေကြေးအခက်အခဲ ကြုံတွေ့ချိန် ၊ SARS ရောဂါ နှင့် ဆူနာမီ စသည့် ကိစ္စရပ်များ ကြုံတွေ့ချိန် များတွင် တစ်လှေတည်းစီး ၊ တစ်ခရီးတည်းသွား၍ အပြန်အလှန် ထောက်ခံအားပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ကပ်ရောဂါ ကြုံတွေ့သည့် အရေးပါသည့် အချိန်တွင်လည်း နှစ်နိုင်ငံ အနေဖြင့် တရုတ်-အာဆီယံ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပရန် ထောက်ခံခဲ့ကြခြင်း သည် နှစ်နိုင်ငံ ၏ စည်းလုံး ညီညွတ်စွာ အတူတကွ အခက်အခဲ အား ဖြေရှင်းမည့် ဆုံးဖြတ်ချက်ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ဖေဖော်ဝါရီ ၂၀ ရက် ၌ ကျင်းပ ပြုလုပ်မည့် အစည်းအဝေး က အောင်မြင်မှုများ ရရှိပြီး ဒေသတွင်း အများပြည်သူ ကျန်းမားရေး လုပ်ငန်း အတွက် ဆောင်ရွက်မှု များ ပြုလုပ်ပေးသွား နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai က မိမိ အနေဖြင့် ပထမ ဦးစွာ “ဝူဟန့် အားတင်းထား” ဟု ပြောကြား လိုကြောင်း ၊ ထိုင်းနိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ က ကာလတစ်လျှောက် အပြန်အလှန် နားလည် ထောက်ခံ ခဲ့ကြပြီး ကပ်ရောဂါ တိုက်ဖျက်ရေး ၏ အဓိက ကျသည့် အချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပ ပြုလုပ်ခြင်း သည် လွန်စွာ သင့်လျော်သော ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ယခု အစည်းအဝေး သည်လည်း အများပြည်သူ ကျန်းမာရေး နှင့် ပတ်သက်၍ ပထမ ဦးဆုံး ကျင်းပ ပြုလုပ်သော နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဖြစ်သောကြောင့် လွန်စွာ အဓိပ္ပါယ် လေးနက်ကြောင်း ၊ တရုတ် နိုင်ငံ က ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ကောင်းမွန်သည့် အောင်မြင်မှုများ ရရှိခဲ့သည့် အတွက် ထိုင်း နိုင်ငံ အနေဖြင့် နက်ရှိုင်းစွာ ဝမ်းမြောက်ပီတိ ဖြစ်မိကြောင်း ၊ ကပ်ရောဂါ ဆိုသည်မှာ ဒေသတွင်း နိုင်ငံများ အတူတကွ ရင်ဆိုင်ရသည့် စိန်ခေါ်မှု ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျင်းပ ပြုလုပ်မည့် အစည်းအဝေး ၌ ကောင်းမွန်သည့် အောင်မြင်မှုများ ရရှိမည် ကို ယုံကြည်ကြောင်း ၊ အာဆီယံ နှင့် တရုတ် နိုင်ငံ အကြား စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှု ကို တိုးချဲ့ ကာ ဒေသတွင်း နှင့် ကမ္ဘာ့ အများပြည်သူ ကျန်းမာရေး လုပ်ငန်းအတွက် ဆောင်ရွက်မှုများ ပြုလုပ်ပေးသွားနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)