Connect with us

ASEAN

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့်  ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsinတို့တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsinတို့တွေ့ဆုံနှုတ်ဆက်စဉ် (Xinhua)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin နှင့် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ဆုံစဉ် ဖိလစ်ပိုင်နိုင်ငံအစိုးရအနေဖြင့် နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံသို့ ခိုင်မာသော ထောက်ပံ့ကူညီမှုပြုလုပ်ရန်ကမ်းလှမ်းခဲ့ကြောင်း၊ ရောဂါတိုက်ဖျက်ရေးဆောင်ရွက်မှုအပေါ်ရပ်တည်ပေးခဲ့ပြီးနောက် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေးသည် ပို၍ နက်ရှိုင်းခိုင်မာမည်ဖြစ်ပြီး ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုသည်လည်းတိုးတက်လာမည်ကို ယုံကြည်ကြောင်းပြောကြားခဲ့သည်။ 

ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် ချစ်ကြည်ရေးပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အလွန် အလေးထားပါကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံ၏ ကိုယ်ပိုင် တရားဝင်အခွင့်အရေးနှင့်နိုင်ငံ့အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရာတွင်လည်း တရုတ်နိုင်ငံဘက်မှ ယခင်အတိုင်းဆက်လက်ထောက်ခံပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

တရုတ်-အာဆီယံ ဆက်ဆံရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသည့် နိုင်ငံအနေဖြင့်လည်းကောင်း ၊ တရုတ်-အာဆီယံ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကျင်းပနိုင်အောင် ပူးပေါင်းပါဝင်ပေးခဲ့သည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့်လည်းကောင်း ဖိလစ်ပိုင်နိုင်ငံအားကျေးဇူးတင်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့ပြီး ယင်းမှာ ဘုံစိန်ခေါ်မှုကို တရုတ်နှင့်အာဆီယံ အကြား လက်ချင်းချိတ်၍ ရင်ဆိုင်သွားမည်ဆိုသည့် ရှင်းလင်းသော အချက်ပြမှုတစ်ခု သတိပေးလိုက်ခြင်းဖြစ်သလို ၎င်းတို့အနေဖြင့် ဒေသတွင်းကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် သဘောတူညီမှု နှင့် ရှာဖွေဖော်ထုတ်မှုအသစ် ဖြစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin  က ဖိလစ်ပိုင်နိုင်ငံအစိုးရနှင့်ပြည်သူများကလည်း တရုတ်နိုင်ငံ ကဆောင်ရွက် နေရသည့် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက်  ထိရောက်သော ဆောင်ရွက်မှုများအား အလွန်လေးစားပြီး ထောက်ခံပါကြောင်းဆိုသည်။ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း Locsin  က ဆိုသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.