Connect with us

ASEAN

တရုတ် ၊ အာဆီယံ အတူတကွရပ်တည်ကာ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်မည်

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ တရုတ်-အာဆီယံ ကိုရိုနာဗိုင်းရပ်စ် ရောဂါဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပမည့်  တရုတ် နှင့် အာဆီယံ အကြား ပြုလုပ်သော နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ခုသို့ တက်ရောက်ရန် ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောက်ရှိလာစဉ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ရောဂါတိုက်ဖျက်ရေးအားပြင်းပြင်းထန်ထန်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသည် COVID-19 ရောဂါတိုက်ဖျက်ရေးအပေါ် အလေးထားမှုတစ်ခုဖြစ်ရုံသာမက သတင်းအချက်အလက်ဝေမျှရန် အချိန်နှင့်တစ်ပြေးညီ စင်္ကြံတစ်ခုတည်ဆောက်ခြင်း နှင့် ရှေ့ဆက်သွားမည့်ခြေလှမ်းများအတွက် ဆွေးနွေးခြင်းလည်းပါဝင်ကြောင်း ၊ စိန်ခေါ်မှုကို ရင်ဆိုင်ရန် ဒေသတွင်းနိုင်ငံများနှင့်အတူ တရုတ်နိုင်ငံက ခိုင်ခိုင်မာမာလက်တွဲဆောင်ရွက်သွားမည့် သန္နိဌာန်ကို ထုတ်ဖော်ခြင်းဖြစ်သလို ကံကြမ္မာအကျိုးတူ တရုတ်-အာဆီယံ အသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်းလည်း ဖြစ်ပေသည်။

ယနေ့မျက်မှောက်ခေတ်တွင် ကမ္ဘာ့နိုင်ငံအချင်းချင်းကြား လျင်လျင်မြန်မြန် ကူးလူးဆက်သွယ် ချိတ်ဆက်ဆောင်ရွက်နေကြရာ မည်သည့် ဒေသတစ်ခုဖြစ်စေ လူမျိုး သို့မဟုတ် နိုင်ငံ တစ်ခုဖြစ်စေ အရေးကြီးသော ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကြုံတွေ့လာချိန်တွင် သီးခြားခွဲထွက်နေ၍ မရဘဲ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုအပေါ်တွင်သာ မူတည်ပေသည်။

တရုတ်နိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတော်တော်များအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံရကြောင်း ထုတ်ပြန်ဖော်ပြခဲ့ကြပြီးဖြစ်သည်။ ၎င်းမှာ အာဆီယံအပါအဝင် နိုင်ငံအားလုံးအတွက် ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုရရှိစေရန် စည်းလုံးညီညွတ်မှု နှင့် အပြန်အလှန်ထောက်ခံအားပေးမှုကို တွန်းအားပေးသွားရန် အလွန်အရေးကြီးလွန်းလှသည်။တရုတ်နိုင်ငံသည် တာဝန်ခံမှု အပိုင်းကို ခိုင်မာစွာ ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် အပြင်းအထန်ကြိုးပမ်းအားထုတ်မှု နှင့် ကြီးမားသော ပေးဆပ်မှုကို လုပ်ဆောင်ခဲ့ရသည်။ နိုင်ငံအတွင်း၊ အပြင် ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် နိုင်ငံ၏ အရင်းအမြစ်အားလုံးကို အသုံးပြုကာ အစွမ်းကုန် ကြိုးပမ်းခဲ့သည်။

ကံကောင်းစွာဖြင့်ပင် တရုတ်နိုင်ငံသည် ကူးစက်ရောဂါတိုက်ဖျက်ရေးစစ်ပွဲကို တစ်နိုင်ငံတည်းအထီးကျန်စွာ လုပ်ဆောင်ခဲ့ရခြင်း မရှိပေ။ ရောဂါစတင်ပျံ့နှံ့ချိန်ကတည်းက အာဆီယံအသိုက်အဝန်းသည် အကူအညီတစ်ခုအတွက် လက်ကမ်းကြိုလင့်ခဲ့သလို တရုတ်နိုင်ငံအား ထောက်ခံအားပေးသည့် အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်သည် လိုအပ်နေသော မိတ်ဆွေတစ်ဦးအတွက် ၎င်း၏ ထောက်ခံအားပေးမှုကို ပြသရန် ဖေဖော်ဝါရီလ အစောပိုင်းတွင် ပေကျင်းမြို့သို့ အထူးခရီးစဉ်တစ်ခု လာရောက်ခဲ့သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပါရာယွတ်ချန်အိုချာက ကူးစက်ရောဂါဒဏ်အဓိကခံစားနေရသည့် ဝူဟန့်မြို့ရှိ တရုတ်ပြည်သူများအတွက် ခွန်အားဖြစ်စေမည့် ၎င်း၏ ဗီဒီယိုရုပ်သံတစ်ခု ရိုက်ကူးထုတ်လွှင့်ကာ အားပေးစကားဆိုခဲ့သည်။ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၂၀၂၀ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံက COVID-19 တိုက်ပွဲဖြင့် အလွန်အလုပ်များပြားနေသည့် တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများအတွက် အာဆီယံခေါင်းဆောင်များ၏ “ လှိုက်လှိုက်လှဲလှဲအားပေးထောက်ခံမှု” ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက်ထဲတွင် “ အာဆီယံ၏ စည်းလုံးညီညွတ်မှု နှင့် ကူးစက်ရောဂါကို ရင်ဆိုင်မည့် ညီညွတ်၍ အပြုသဘောဆောင်သည့် တုံ့ပြန်မှုစိတ်ဓာတ်တစ်ခု ” ကိုထည့်သွင်းဖော်ပြခဲ့သည်။

“ ကောင်းမွန်တဲ့အချိန်မှာဖြစ်ဖြစ် ဆိုးဝါးတဲ့အချိန်မှာဖြစ်ဖြစ် ကျနော်တို့ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေရင်းတွေပါ ” ဟု အာဆီယံပြည်သူများစွာသည် တရုတ်-အာဆီယံ ဆက်ဆံရေး ခိုင်မာမှုကို ပြသရန် အဆိုပါသဘောထားကို ထုတ်ဖော်ခဲ့ကြသည်။ လတ်တလောအခြေအနေအောက်တွင် ၎င်းတို့၏ ခိုင်မာသော လုပ်ဆောင်ချက်များ နှင့် ကြင်နာသော အားပေးထောက်ခံမှုက အဆိုပါစကားရပ်ကို အကောင်းဆုံးသက်သေပြခဲ့ပြီးဖြစ်သည်။

COVID-19 တိုက်ဖျက်ရေးသည် အလွန်အရေးကြီးသော အဆင့်တစ်ခုသို့ ရောက်ရှိနေသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့် အခြားသော အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲအစည်းအဝေးသည် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မူဝါဒအကောင်အထည်ဖော်ခြင်း၏ အကောင်းဆုံးဉပမာဖြစ်သလို ယာယီအခက်အခဲများကို ကျော်ဖြတ်ပြီး အားလုံးအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ပိုင်ဆိုင်ရန်အတွက် ပိုမိုအရေးပါသော ခိုင်မာသည့်အားထုတ်မှုများပင်ဖြစ်သည်။

ယင်းမှာ COVID-19 တိုက်ဖျက်ရေးအတွက် တရုတ် နှင့် အာဆီယံသည် လက်ချင်းချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်း ကျန်းမာရေး နှင့် လုံခြုံရေး မြှင့်တင်ရန် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအတွက် ရှင်းလင်းသော သတင်းစကားတစ်ခုကို ကမ္ဘာသို့ပေးပို့ခြင်းလည်း ဖြစ်သည်။တစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သော COVID-19 သည် ပြည်သူအချင်းချင်းဆက်သွယ်မှုနှင့် နိုင်ငံများသို့ သွားရောက်လည်ပတ်မှုအား လတ်တလော အခြေအနေတွင် အဟန့်အတား ဖြစ်စေနိုင်သော်လည်း ယင်းက တောတောင်ရေမြေချင်းထိစပ်နေသည့် တရုတ် နှင့် အာဆီယံအကြား မိတ်ဆွေနိုင်ငံအဖြစ် ကာလရှည်ကြာတည်ရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ပျက်ပြယ်နိုင်မည် မဟုတ်သလို ပြဿနာတစ်ရပ်အဖြစ် ဖန်တီးနိုင်မှာလည်း မဟုတ်ပေ။

“မိုးရွာပြီးနောက်မှာ မြေသားက ပိုပြီး မာကြောကျစ်လျစ်လာမယ်” ဟူ၍ ဆိုရိုးစကားတစ်ခု ရှိသည်။  အဆိုပါ ဆိုရိုးကို ယုံကြည်ရန် အလွန်ခိုင်မာသည့် အကြောင်းပြချက်တစ်ခုမှာ လူသေဆုံးနိုင်သည့် COVID-19 အား တိုက်ဖျက်ရန်အတွက် တရုတ်-အာဆီယံ၏ စုပေါင်း အင်အားတစ်ခုသည် အလွန်အင်အားကြီးသော လက်နက် တစ်ခုဖြစ်လာကာ အချိန်ကာလ၏ စမ်းသပ်မှုအောက်တွင် မိတ်ရင်းဆွေရင်းအကြား  နှစ်ဖက် ဆက်ဆံရေးသည်လည်း အနာဂတ်၌ ပို၍ ချောမွေ့တောက်ပလာလိမ့်မည်မှာ ဧကန်ဖြစ်ပေသည်။(Xinhua)