Connect with us

China

ယွမ်နှင့် ဒေါ်လာ လဲလှယ်နှုန်း ၆.၃၉၇၅ မှာခိုင်မာနေ

တရုတ်ယွမ် နှင့်အမေရိကန်ဒေါ်လာ (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

ယွမ်ငွေ သုံးရက်ခန့် ဈေးကျမှု ဖြစ်ပြီးနောက် သောကြာနေ့တွင် တရုတ်နိုင်ငံ ဗဟိုဘဏ် ရည်ညွှန်းနှုန်းထား ယွမ်နှင့် ဒေါ်လာ လဲလှယ်နှုန်း ၆.၃၉၇၅ တွင် ခိုင်မာနေကြောင်း တရုတ် နိုင်ငံခြား ငွေကြေး လဲလှယ်ရေး ကုန်သွယ်မှု စနစ် အရသိရသည်။

တရုတ်နိုင်ငံ နိုင်ငံခြားငွေကြေးလဲလှယ်ရေး ဈေးကွက်၌ နေ့စဉ်ကုန်သွယ်မှု ပြုလုပ်ရာတွင် ဗဟိုဘဏ် နှုန်းထားနှင့် နှစ်ရာခိုင်နှုန်းသာ အတိုး အလျှော့ ပြုလုပ်ရန် ခွင့်ပြုထားသည်။

တရုတ်နိုင်ငံ ဗဟိုဘဏ်သည် ဈေးကွက် ဖွံ့ဖြိုးမှု ပိုမို အားကောင်းလာစေရန် ငွေကြေးလဲလှယ်နှုန်း စနစ်အား သြဂုတ်လ ၁၁ ရက်နေ့၌ ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့သည်။

ဗဟိုဘဏ် ရည်ညွှန်းနှုန်းထားသည် အရင်ရက်က ဈေးကွက်ပိတ်ခဲ့သော နှုန်ထားနှင့် နေ့စဉ် ဈေးကွက်အတွင်း ရှိ ဈေးကွက် မဖွင့်မီ နှုန်းထားပေါ် အခြေခံခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117