Connect with us

China

တရုတ်နိုင်ငံသည် မော်တော်ကား ကဏ္ဍတွင် ကုမ္ပဏီ အဖွဲ့အစည်းများက လက်ဝါးကြီးအုပ်မှု ကာကွယ်ရန် မူဝါဒ လမ်းညွှန်ချက်များကို အကြမ်းရေးဆွဲ

တရုတ်နိုင်ငံ ဟဲနန် ပြည်နယ် ကျန်းကျိုး မြို့ရှိ မော်တော်ကားများ သွားလာနေမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

မော်တော်ကား ကဏ္ဍတွင် ကုမ္ပဏီ အဖွဲ့အစည်းများမှ လက်ဝါးကြီး အုပ်မှုကို ကာကွယ်ရန် မူဝါဒ လမ်းညွှန်ချက် များ ပါဝင်သည့် ပထမအဆင့် မူကြမ်း ရေးဆွဲမှုသည် အောက်တိုဘာ လကုန်ပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့် ကြောင်း အမျိုးသား တိုးတက်ကြီးပွားရေး နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

လက်ဝါးကြီးအုပ် ချိုးဖောက်မှုများဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်များ အပြင် ထပ်မံ ဖြည့်စွက်သည့် အဆိုပါ မူကြမ်းကို တရုတ်အစိုးရ လက်အောက်ရှိ လက်ဝါးကြီးအုပ် တိုက်ဖျက်ရေး ကော်မရှင် က နောက်နှစ် ဂျွန်လတွင် ပြန်လည် ဆန်းစစ်မည် ဖြစ်ကြောင်းနှင့် အွန်လိုင်းမှ တစ်ဆင့် မော်တော်ယာဉ် ရောင်းချသူများ ဈေးနှုန်း ကန့်သတ်ချက်အား ချိုးဖောက်မှုများကို လည်း ကာကွယ် သွားမည် ဖြစ်ကြောင်း သိရသည်။

Alibaba နှင့် JD.com ကဲ့သို့သော အွန်လိုင်းမှ လက်လီ ရောင်းချသူများ တိုးပွားလာသည်နှင့် အမျှ ဝယ်ယူသူများ သည် ပိုမို ကောင်းမွန်သော ကုန်ပစ္စည်းများကို အွန်လိုင်းတွင် ရှာဖွေလာကြပြီး မော်တော်ကားများသည်လည်း ခြွင်းချက်မရှိ ပါဝင်ခဲ့သည်။ သို့သော် အွန်လိုင်း ရောင်းချမှုများတွင် အမျိုးအစား သတ်မှတ်မှုနှင့် ပတ်သက်၍ ရိုးသား ရှင်းလင်းမှု မရှိသောကြောင့် အငြင်းပွားမှုများကို ဖြစ်ပေါ် လာစေကြောင်း သိရသည်။

အွန်လိုင်း ရောင်းဝယ်မှု ဝက်ဘ်ဆိုဒ်များ က ဈေးနှုန်း ကန့်သတ်မှုကို လိုက်နာ ဆောင်ရွက်ခြင်းကြောင့် ဈေးကွက် စနစ်မျှတမှုကို အဟန့်အတား ဖြစ်စေ မည်ကို စိုးရိမ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

General Motors က ၎င်း၏ ကားအမှတ် တံဆိပ်များထဲမှ တစ်ခုကို လာမည့် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် ပြုလုပ်မည့် အရောင်း ပွဲတော်၌ အွန်လိုင်း ဈေးကွက်မှ တစ်ဆင့် မော်တော်ကား အရောင်းမြှင့်တင်ရန် ရည်ရွယ်ထားခဲ့ သော်လည်း အွန်လိုင်းတွင် ဈေးနှုန်း လျော့ချမှုများသည် ချမှတ်ထားသော စည်းမျဉ်းများ ချိုးဖောက်ရာ ရောက်မရောက် မသေချာသောကြောင့် အရောင်း မြှင့်တင်မှု အစီအစဉ်ကို ဆောင်ရွက်ရန် နှောင့်နှေးနေရကြောင်း သိရသည်။

မူဝါဒ လမ်းညွှန်ချက် အသစ်များသည် အွန်လိုင်းမှ အရောင်းမြှင့်တင် မှုများကို စောင့်ကြည့် သွားမည်ဖြစ်ပြီး ထို အရောင်း မြှင့်တင်မှုများ၏ ရည်ရွယ်ချက် နှင့် ၎င်းတို့သည် လက်ဝါးကြီးအုပ်မှု ကာကွယ်ရေး ဥပဒေ နှင့် ကိုက်ညီခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေး ဆောင်ရွက်ရာတွင် ကူညီ ပေးသွားမည် ဖြစ်ကြောင်း တရုတ် လူမှုသိပ္ပံ အကယ်ဒမီ မှ တွဲဖက် သုတေသီ နှင့် မူကြမ်း ရေးဆွဲရေး အဖွဲ့ဝင်ဖြစ်သူ စုဟွာ မှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ လက်ဝါးကြီး အုပ်မှု တိုက်ဖျက်ရေး ဥပဒေသည် ယခုနှစ်တွင် မော်တော်ကား ထုတ်လုပ်ရေး စက်ရုံများမှ ဈေးနှုန်းကန့်သတ်ချက်များအား ချိုးဖောက်မှုများကို ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်ခဲ့သည်။ တုံးဖန်း နစ်ဆန်း ကားကုမ္ပဏီသည် တရုတ်ယွမ် ၁၂၃.၃ သန်း(အမေရိကန် ဒေါ်လာ ၁၉.၄၅ သန်း) ကို စက်တင်ဘာလက ဒဏ်ငွေအဖြစ် ပေးဆောင် ခဲ့ရပြီး မာစီဒီး ကားကုမ္ပဏီသည် တရုတ်ယွမ် ၃၅၀ သန်း (အမေရိကန် ဒေါ်လာ ၅၆ သန်း)ကို ဧပြီလက ဒဏ်ငွေအဖြစ် ပေးဆောင်ခဲ့ရ သည်။ ယခုနှစ် အတွင်း မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းတွင် လက်ဝါးကြီး အုပ်မှုနှင့် ဆက်စပ်နေသော ဒဏ်ငွေ စုစုပေါင်း တရုတ်ယွမ် ၂ ဘီလီယံ ချမှတ်ခဲ့ကြောင်းလည်း သိရသည်။ (Xinhua)