Connect with us

Local

တိုက်ပွဲများကြောင့် ရပ်နားထားရသော ရန်ကုန်-မြဝတီ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း ပြန်လည်ပတ်

အာရှလမ်းမကြီး (ဓာတ်ပုံ- နိုင်မောင်ဇော်)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

မြန်မာ့ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) တို့ တစ်ပတ်ကျော်ကြာ အာရှလမ်းသစ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရပ်နားထားရသော ရန်ကုန်-မြဝတီ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ ယနေ့ ပြန်လည် စတင် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်-မြဝတီ လမ်းကြောင်းမှ ကုန်စည် ပို့ဆောင်မှု လုပ်ငန်းများကို ဇူလိုင်လ ၂ ရက်နေ့မှ စတင် ရပ်နားထားခဲ့ရပြီး ဇူလိုင်လ ၈ ရက်နေ့၌ ကုန်စည် ပို့ဆောင်ရေးများ ပြန်လည် လုပ်ဆောင်သော်လည်း တိုက်ပွဲကြောင့် ကုန်စည် ပို့ဆောင်ရေး ယာဉ်များ အနည်းငယ်သာ သွားရောက်ပြီး ယနေ့ ကုန်စည် ပို့ဆောင်ရေး ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်း သွားလာလျှက်ရှိကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မကြာမီ ဖွင့်လှစ်မည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှ ကုန်စည်ပို့ဆောင်လျှင် နေ့ချင်းပြန် ပို့ဆောင်မှုများ ပြုလုပ်နိုင်မည် ဖြစ်ပြီး ရန်ကုန်မှ မြဝတီကို ဆန်၊ ငရုတ် စသည်တို့ကို အဓိက တင်ပို့နေရပြီး မြဝတီဘက်မှ ထိုင်းနိုင်ငံထုတ် အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း အိမ်ဆောက် ပစ္စည်းများကို ရန်ကုန်သို့ ပို့ဆောင်လျှက် ရှိသည်။

“တိုက်ပွဲကြောင့် ရှိတဲ့ ပစ္စည်းပဲ အရောင်းအဝယ် လုပ်နေရတာ၊ ဈေးတော့ မတက်ပါဘူး၊ ဒီထက်ကြာကြာ တိုက်ပွဲဖြစ်လို့ ပစ္စည်း ပြတ်လပ်ရင်တော့ ဈေးတွေ မြင့်လာနိုင်တယ်” ဟု ယိုးဒယား ပစ္စည်း အရောင်းအဝယ် ပြုလုပ်နေသည့် ကုန်သည် တစ်ဦးက ဆိုသည်။
ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် လမ်းဘေး ဝဲယာများတွင် ဇူလိုင်လ ၁၀ ရက်နေ့က နယ်ခြား စောင့်တပ်ဖွဲ့ နှင့် တပ်မတော် စစ်မြေပြင်တို့ ပူးပေါင်းပြီး မိုင်းရှင်းလင်းရေးများ ဆောင်ရွက်ခဲ့သည်။

တိုက်ပွဲကြောင့် တပတ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကို ဇူလိုင်လ ၁၀ ရက်နေ့ ကစပြီး မနက် ၅ နာရီ ကနေ ညနေ ၅ နာရီအထိ သွားလာခွင့် ပြန်လည် ပေးလိုက်ကြောင်း နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီးအသစ်ကို ဇူလိုင်လ အတွင်း ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဖွင့်လှစ်ရန် ရှိသည့်အတွက် အစိုးရတပ်များ လုံခြုံရေး တိုးမြှင့်ပြီး ပြင်ဆင်မှု ပြုလုပ်ခဲ့ချိန် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.