Connect with us

Local

ဒဂုံစီးတီး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများနှင့် အခန်း ဌားရမ်းသူများကို သဘောတူ လက်မှတ် ရေးထိုးထားသည့် အတိုင်း ဆောင်ရွက်ပေးမည်ဟု ကုမ္ပဏီ ထုတ်ပြန်

ဒဂံုစီးတီးစီမံကိန္း (ဆင္ဟြာ)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဒဂုံစီးတီး စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများနှင့် အခန်းဌားရမ်း သူများကို သဘောတူ လက်မှတ် ရေးထိုးထားသည့် အတိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စီမံကိန်း တည်ဆောက်နေသည့် Marga Landmark Development ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

လက်ရှိ ကုမ္ပဏီအနေဖြင့် အစိုးရနှင့် အတူ လက်တွဲကာ ကုမ္ပဏီ အခန်း ငှားရမ်းထားသူများနှင့် ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ ကျေနပ်မှု ရရှိစေမည့် နှစ်ဦးသဘောတူ အစီအစဉ်တခု ဆောင်ရွက်နေပြီး အစိုးရနှင့် အသေးစိတ် ဆွေးနွေးပြီးလျှင် သဘောတူ လက်မှတ် ရေးထိုးထားတဲ့အတိုင်း အခန်း ငှားရမ်းထား သူများအတွက် ဆက်လက် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။

ဒဂုံစီးတီး စီမံကိန်းကြောင့် ရွှေတိဂုံဘုရားကို ထိခိုက်နိုင်မည် မဟုတ်သော်လည်း စီမံကိန်း ရပ်စဲကြောင်း အစိုးရ ဆုံးဖြတ်ချက်ကို လေးစား အသိအမှတ်ပြုကြောင်း စီမံကိန်း တည်ဆောက်နေသည့် Marga Landmark Development ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

အဆိုပါ စီမံကိန်းကို ဇူလိုင်လ ၇ ရက်ကစပြီး ရပ်စဲလိုက်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ကြေညာလိုက်သည့် အပေါ် ဒဂုံစီးတီး စီမံကိန်း (၁) ကို အကောင်အထည် ဖော်နေသည့် Marga Landmark ကုမ္ပဏီက ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

ပြည်သူများ သဘောထား၊ သံဃာတော်များ အမြင်ကို လေးစား အသိအမှတ်ပြုပြီး ဒဂုံစီးတီး စီမံကိန်း (၁) တည်ဆောက်ရေး အစီအစဉ်များကို အသုံးပြုသည့် နည်းပညာများသည် ဘေးကင်းစိတ်ချရပြီး ရွှေတိဂုံဘုရားကို ထိခိုက်နိုင်မှာ မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။
ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ ကာကွယ်ရေး တက္ကသိုလ်ဟောင်းနှင့် အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း နေရာဟောင်း နေရာများ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီ၊ သုခရတနာ ကုမ္ပဏီ၊ Adventure Myanmar Tours and Incentives ကုမ္ပဏီနဲ့ Marga Landmark Development ကုမ္ပဏီတို့ကို အစိုးရက လုပ်ပိုင်ခွင့် ချပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117