Connect with us

Local

နေပြည်တော်၌ နိုဝင်ဘာလအတွင်း ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ ရောင်းချပွဲ ကျင်းပမည်

နေပြည်တော်တွင် ကျင်းပပြုလုပ်သော (၅၅) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရောင်းချပွဲတွင် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များက တင်ပြရောင်းချ လိုသည့် ကျောက်စိမ်းအတွဲစာရင်းလျှောက်လွှာများကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း ကျောက်စိမ်းလုပ်ငန်းကော်မတီသို့ လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တင်ပြရောင်းချမည့် ကျောက်မျက်ရတနာများ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေးညှိနှိုင်းသတ်မှတ်ခြင်း၊ ခင်းကျင်းနေရာချထားခြင်းများကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၁ဝ ရက်မှ ၃၁ ရက်အထိ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မျက်ရတနာရောင်းချပွဲသို့ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ကျောက်မျက်ရတနာကုမ္ပဏီမှတ်ပုံတင်ရရှိပြီး သူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး ကျောက်မျက်ရတနာရောင်းချပွဲသို့ တက်ရောက်ဝယ်ယူလိုသော နိုင်ငံသားရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)