Connect with us

Local

ဖားကန့်ကျောက်စိမ်းတုံးကြီးကို မြစ်ကြီးနားမြို့မှ နေပြည်တော်သို့ ဆက်လက်ပို့ဆောင်

ကျောက်စိမ်းတုံးကြီးအားကားပေါ်သို့တင်စဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခုမှ တွေ့ရှိခဲ့သည့် ကျောက်စိမ်းအရိုင်းတုံး ကို မြစ်ကြီးနားမြို့မှ နေပြည်တော်သို့ ဆက်လက်သယ်ဆောင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ကီလို ၈၆၉ဝ ရှိ ကျောက်စိမ်းအရိုင်းတုံးကို ဧပြီ ၂၆ ရက်က ဖားကန့်မြို့နယ် ငွေဆင်ကျောက်မျက် ကုမ္ပဏီ ဝါကျဲအကျိုးတူ(၂)လုပ်ကွက်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းကျောက်စိမ်းအရိုင်းတုံးကို ဧပြီ ၂၉ ရက်တွင် ဖားကန့်မှ မြစ်ကြီးနားမြို့ရှိ မြန်မာ့ကျောက်မျက်ရောင်းဝယ် ရေး ကျောက်စိမ်းတူးဖော်ရေးဌာနစခန်းရုံးသို့ သယ်ယူခဲ့ ခြင်းဖြစ်ပြီး နေပြည်တော်သို့ မေ ၁၂ ရက်တွင် ဆက်လက်သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းကျောက်ကိုတွေ့ရှိခဲ့သည့် ရေမဆေးကျောက် ရှာဖွေသူများကိုလည်း ကုမ္ပဏီမှ ကျပ်သိန်းတစ်ထောင်ကျော် ပေးအပ်ညှိနှိုင်းဆောင်ရွက်ကာ ကျောက်စိမ်းတုံးအား ပြန်လည်ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကီလို ၈၆၉ဝရှိ ကျောက်စိမ်းအရိုင်းတုံးအား မိုးညှင်း-ရွှေဘို-မန္တလေး-နေပြည်တော် လမ်းကြောင်းအတိုင်း ပို့ဆောင် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.