Connect with us

Local

ဘူးသီးတောင်မြို့နယ်၌ သိန်းပေါင်း သုံးသောင်း ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းခန့် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၁၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ၆ မိုင် စစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်အား ရှာဖွေစစ်ဆေးရာ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၆ သိန်း၊ ခန့်မှန်းကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း သုံးသောင်း ကျော်အား ဖမ်းဆီး ရမိ ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက်တွင် သတင်းအရ ဖူဆို ကုန်တင်ယာဉ်အား ရှာဖွေ စစ်ဆေးရာ ပီနံအိတ် ငါးအိတ်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုယာဉ်အား မောင်းနှင်သူ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့ နှစ်ဦးအား ဥပဒေ လုပ်ထုံး လုပ်နည်း များနှင့် အညီ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.