Connect with us

Local

အကောက်ခွန်မဲ့ ပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ်သန်း ၁ဝဝဝ ကျော်အား ၁၀ ရက်ကျော် အတွင်း သိမ်းဆည်း ရမိ

သိမ်းဆည်းရမိသည့် အကောက်ခွန်မဲ့ ပစ္စည်း တစ်ချို့ အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၁၄ ရက်(ဆင်ဟွာ)

အကောက်ခွန်ဦးစီးဌာနမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း ၊ ရေပူ စစ်ဆေးရေး စခန်း နှင့် အကောက်ခွန် နယ်မြေဒေသအသီးသီး တို့တွင် မေ ၁ ရက်မှ ၁၁ ရက်အတွင်း တင်သွင်း/တင်ပို့ ခွင့် စာရွက် စာတမ်း အထောက်အထားတစ်စုံ တစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း ခန့်မှန်း တန်ဖိုး ကျပ် ၁ဝ၆၇ ဒသမ ၅၇၂ဝ သန်းခန့် သိမ်းဆည်း ရမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖော်ပြမှု အရ သိရသည်။

ထိုတားဆီး သိမ်းဆည်းမိခဲ့မှု များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က တားဆီးမှု တစ်မှု (ခန့်မှန်း တန်ဖိုးကျပ် ၁ ဒသမ ၁ သန်းခန့်)၊ ရန်ကုန်ဆိပ်ကမ်းက တားဆီးမှု လေး မှု (ခန့်မှန်းတန်ဖိုးကျပ် ၂၃၃ ဒသမ ဝ၇၃၈ သန်းခန့်)၊ မန္တလေးတိုင်း ဒေသကြီး အကောက်ခွန်ဦးစီးဌာန မှူးရုံးက တားဆီးမှု ၁၇ မှု (ခန့်မှန်း တန်ဖိုးကျပ် ၁၁ဝ ဒသမ ၃၁၁၈ သန်း ခန့်)၊ ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု ၃၅ မှု (ခန့်မှန်းတန်ဖိုးကျပ် ၃၁ဝ ဒသမ ဝ၇၅၆ သန်းခန့်)၊ မရမ်းချောင်စစ်ဆေးရေးစခန်းက တားဆီးမှု ၅၂ မှု (ခန့်မှန်းတန်ဖိုးကျပ် ၂၉၂ ဒသမ ၇၅၄၈ သန်းခန့်)၊ မူဆယ် မြို့နယ် အကောက်ခွန်ဦးစီးဌာမှူးရုံးက တားဆီးမှု ခြောက်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၃၁ ဒသမ ၈၅၆ သန်းခန့်)၊ မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာန မှူးရုံးက တားဆီးမှု ရှစ်မှု (ခန့်မှန်း တန်ဖိုးကျပ် ၈၈ ဒသမ ၄ဝ သန်းခန့်)၊ စုစုပေါင်း ၁၂၃ မှု(ခန့်မှန်းတန်ဖိုးကျပ် ၁ဝ၆၇ ဒသမ ၅၇၂ဝ သန်းခန့်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာနမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း ၊ ရေပူစစ်ဆေးရေး စခန်းနှင့် အကောက်ခွန်နယ်မြေဒေသအသီးသီး တို့တွင် တင်သွင်း/တင်ပို့ ခွင့် စာရွက် စာတမ်း အထောက်အထားတစ်စုံ တစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးအရေးယူမှု ပြုလုပ် လျက်ရှိကြောင်း သိရသည်။(Xinhua)