Connect with us

Local

မြန်မာ့ SME များ အဆင့်မြင့်လာစေရန် ညွှန်းကိန်း ရှစ်ခုအား ပိုမို ဖော်ထုတ်ဆောင်ရွက်ဖို့လိုအပ်

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အဆင့်မြင့်လာစေရန် အညွှန်းကိန်း ရှစ်ခုတို့အား ပိုမို ဖော်ထုတ် ဆောင်ရွက်သွားဖို့ လိုအပ်သည်ဟု အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ယနေ့ နံနက် ပြောကြားခဲ့သည်။

“၂၀၁၄ ASEAN SME Policy Index အရ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့အင်ဒိုနီးရှားတို့ဟာ အမြင့်ဆုံးမှာ ရပ်တည်ေနေကြပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့က အနိမ့်ဆုံး အခြေအနေမှာ ရပ်တည်နေကြတယ်၊ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ SME Development Policy Index မြင့်မားရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းကြရမယ်၊ အညွှန်းကိန်း ရမှတ်တွေ မြင့်မားဖို့က ညွှန်းကိန်း ရှစ်ခုပါ အချက်တွေအပေါ်မှာ ကောင်းမွန်မှန်ကန်တဲ့ လုပ်ငန်းစဉ်တွေ ပိုမိုဖော်ထုတ် ဆောင်ရွက်သွားရပါမယ်” ဟု နေပြည်တော် စက်မှုဝန်ကြီးဌာနတွင် ယနေ့နံနက် ပြုလုပ်သော မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ပထမ အကြိမ် အစည်းအဝေး၌ ၎င်းက ပြောခဲ့သည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် စီမံကိန်းနှင့် ဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ အညွှန်းကိန်း ရှစ်ခုတို့မှာ အဖွဲ့အစည်း ဆိုင်ရာလုပ်ငန်း အခြေခံ စနစ်ဖွံ့ဖြိုးရေး SME များ သက်သက်သာသာဖြင့် လုပ်ငန်း စတင်နိုင်ရေး၊ ပိုမိုကောင်းမွန်သော ဥပဒေနှင့် စည်းမျဉ်းများ အခြေအနေ၊ ငွေကြေး အထောက်အပံ့ ရရှိမှု၊ နည်းပညာ နှင့် နည်းပညာ လွှဲပြောင်းပေးနိုင်မှု၊ နိုင်ငံတကာ ဈေးကွက် ချဲ့ထွင်နိုင်မှု၊ စွန့်ဦး စီးပွား ပညာရပ်များ မြှင့်တင်ပေးနိုင်မှု၊ အသေးစား လုပ်ငန်းများ၏ စိတ်ဝင်စားမှုကို ပိုမို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု စသည့် အချက်များ ဖြစ်ကြောင်းလည်း ကော်မတီ ဥက္ကဋ္ဌက ပြောခဲ့သည်။

ထို့အပြင် ၎င်းက “စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင် အသိဉာဏ် ပစ္စည်း IP ကဏ္ဍက လည်း အရေးကြီးပါ တယ်၊ အခုအခါမှာ အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဒီဇိုင်းမူပိုင်ခွင့်၊ ကုန် အမှတ်တံဆိပ် မူပိုင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့်၊ မူပိုင်ခွင့် ဥပဒေများနဲ့ ပတ်သက်ပြီး ပညာရေး ဝန်ကြီး ဌာနက ဦးစီး ဆောင်ရွက်နေပါတယ်” ဟုလည်း ပြောခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဒုတိယ သမ္မတနှင့် အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် များ တက်ရောက်ခဲ့ကြကာ ဒုတိယ သမ္မတ ဦးမြင့်ဆွေက အဖွင့် အမှာစကား ပြောကြားအပြီး ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဆွေးနွေး တင်ပြခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117