Connect with us

Local

နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင် မှုများ ဆောင်ရွက်ခွင့်ပြု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင် မှုများ ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စအားကြိုဆိုပါကြောင်း၊ အင်ပို့လုပ်ငန်းကိုပါ ခွင့်ပြုရန် ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ယနေ့ ဆင်ဟွာကို ပြောသည်။

ဒေါက်တာစိုးထွန်းက “အခုလိုခွင့်ပြုလိုက်တာ အိတ်စပို့တာအတွက် တော့ ကောင်းပါတယ်။ကျွန်တော်တို့ အိတ်စပို့တာ တွေ ဝိုင်းပြီးတင်ပြထားတဲ့ ကိစ္စပေါ့နော်။ ဘဏ်လုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာ အိတ်စပို့ အင်ပို့ ၂မျိုးဆောင်ရွက်ဖို့ အတွက် ကျွန်တော်တို့ ကတင်ပြခဲ့တာကိုး။ ကျွန်တော်တို့က ပြည်တွင်းလုပ်ငန်းရှင်တွေ၊ အင်ပို့၊ အိတ်စပို့ လုပ်တဲ့ သူတွေကို လုပ်ပိုင်ခွင့်ပေးဖို့ တင်ပြခဲ့ကြတယ်။ အဲ့ဒါကို ခွင့်ပြုတာ အိတ်စပို့တစ်ခုတည်း ခွင့်ပြုတာ။ ကုမ္ပဏီတစ်ခုက အင်ပို့ရော အိတ်စပို့ရော ၂ခု လုပ်တာလေ။ အကောင့်ဖွင့်ခွင့်ပေးတယ်ဆိုရင်လည်း အဲ့ဒီ့ကုမ္ပဏီက ၂ ခုစလုံး လုပ်ခွင့်ရရင် ပိုအဆင်ပြေမှာပါ။ ဒါကြောင့် အင်ပို့ ကိုပါ ခွင့်ပြုဖို့ အတွက် ဆက်လက်တင်ပြသွားမှာပါ’’ ဟုပြောသည်။

အမေရိကန်ဒေါ်လာများအားတွေ့ရစဉ် (ဓာတ်ပုံ–အင်တာနက်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်ခွဲများအား ဘဏ်ခွဲများအား ဘဏ်ခွဲလိုင်စင်ထုတ်ပေးရာတွင် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းများ၊ ပြည်တွင်း/နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်တွင်းငွေရေး ကြေးရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ပြည်တွင်းကုမ္ပဏီ/လုပ်ငန်းများအတွက် လက်ကားဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားပါကြောင်း၊ ယခုအခါ ပြည်တွင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေ ရန်အတွက် နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်း ဆောင်ရွက်သူများအတွက် ပို့ကုန်ချေးငွေ ဖြည့်ဆည်းမှု (Export Financing) နှင့် ပို့ကုန်လုပ်ငန်း နှင့် ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း များ (Related Banking Services for Export Financing) ကိုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ် ၏ ညွှန်ကြားချက်တွင် ပါရှိသည်။

ပြည်တွင်းပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအတွက် ပို့ကုန်ချေးငွေဖြည့်ဆည်းမှု (Export Financing) နှင့် ပို့ကုန်လုပ်ငန်း နှင့်ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ (Related Banking Services for Export Financing) ကိုဆောင်ရွက်လိုသည့် နိုင်ငံခြားဘဏ်ခွဲများသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် သို့ အဆိုပါလုပ်ငန်း အားဆောင်ရွက်လိုကြောင်း တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်ထဲတွင် ပါရှိသည်။

ထိုညွှန်ကြားချက် မထွက်ခင်အချိန် တွင် အင်ပို့ အိတ်စပို့ လုပ်သူများသည် မိမိငွေဖြင့် သာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေဓလာဈေးကွက်ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “အခုဗဟိုဘဏ် ထုတ်ပြန်တဲ့ ညွှန်ကြားချက် အရဆိုရင် ဥပမာ- ကိုယ်က ဒေါ်လာ ၁၀,၀၀၀ ဖိုး အရောင်း အဝယ်လုပ်ထားတဲ့ စာချုပ်ရှိတယ်။ ငွေ နည်းနည်းလိုရင် ငွေများချေးလို့ ရမလားမျှော်လင့်ရတာပဲ’’ ဟုဆင်ဟွာကိုပြောသည်။

နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင် မှုများ ဆောင်ရွက်ခွင့်ပြုခြင်းကြောင့် ဒေါ်လာဈေးနှုန်း များစွာအပြောင်းအလဲမရှိနိုင်ကြောင်း ဦးစန်းဝင်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.