Connect with us

Local

ကချင်ပြည်နယ်စီးပွားရေးနှီးနှောဖလှယ်ပွဲကို မြစ်ကြီနားမြို့၌ ကျင်းပမည်

ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) 

ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် စီးပွားရေး နှီးနှောဖလှယ်ပွဲ (Kachin State Business Forum)ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း၊ မဂျွယ်ခန်းမ၌ နိုဝင်ဘာ (၁၅)ရက်နှင့် (၁၆)ရက် (၂)ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 

စီးပွားရေးဖိုရမ် ကျင်းပရခြင်းနှင့်ပတ်သက်၍ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခက်ထိန်နန်က “ အဓိက ကတော့ ကျွန်တော်တို့ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်တွေ ပိုပြီးတော့ ပေါ်ပေါက် လာဖို့၊ ဒီလို ဖိုရမ်လုပ်ခြင်းအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အသိပညာတွေ ပိုပြီးတော့ရရှိလာမယ်၊ စွမ်းရည်မြှင့်လာတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်ဖြစ် လာမယ်၊ ဒေသခံတွေအတွက် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင် တွေ ပိုမိုရရှိပေါ် ပေါက်လာအောင်” ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ ဘယ်လိုအခွင့်အလမ်းတွေ ဘာတွေလုပ်လို့ရတယ်ဆိုတာ ပြည်တွင်းက လုပ်ငန်းရှင်တွေ သိလာစေရန်နှင့် ရင်းနှီးမြှုပ်နှံ လာစေရန်ဖြစ်ကြောင်း၊ ဖိုရမ်အတွင်း ပြည်တွင်း/ ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်လာမည်ဖြစ်သည့်အတွက် ရင်းနှီးမှုရစေပြီး စီးပွားရေးလုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင် ကြောင်း ရှင်းလင်းပြောပြသည်။

အဆိုပါ ကချင်ပြည်နယ် စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်သွားမည်ဖြစ်ပြီး ဖိုရမ်အတွင်း ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ၊ သယံဇာတတူးဖော်ရေး လုပ်ငန်းများ၊ အထည်အလိပ်နှင့် ရိုးရာရက်ကန်းလုပ်ငန်းများ၊ လက်လီ လက်ကားရောင်းဝယ်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများအကြောင်းကို သက်ဆိုင်ရာ ဌာနများမှ ဌာနအကြီးအကဲများနှင့် စီးပွားရေးပညာရှင်များက ဟောပြော ဆွေးနွေးသွားမည်ဖြစ်ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.