Connect with us

Local

ရှမ်ပြည်နယ်တွင်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပမည်

ရှမ်းပြည်နယ်တွင် ၂၀၁၇ ခုနှစ်က တန်ဆောင်တိုင်ပွဲတော်ကျင်းပနေမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက အားပေးမြင့်တင်ရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါဖိုရမ်တွင် ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး တိုက်ရိုက်မေးမြန်း ရှင်းလင်း ပြောကြားနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ဆွေးနွေးပွဲသို့ ပါဝင်၍ တက်ရောက်လိုပါက www.shanstateinvestmentforum2019.com တွင်ဝင်ရောက်၍ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း၊ 

အသေးစိတ်သိရှိလိုပါက ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

အဝေရာမီးပုံပျံကွင်းလမ်း၊ ကျောင်းကြီးစုရပ်ကွက်၊တောင်ကြီးမြို့၊ ရှမ်းပြည်နယ်၊ဖုန်း – ဝ၈၁-၂၁၂၄၂၉၃ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။   (Xinhua)