Connect with us

Local

၂၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ကတ်ထူပြား ထုတ်လုပ်ရေး လုပ်ငန်းများ အစည်းအဝေး နှင့် ကုန်ပစ္စည်း ပြပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ


ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ကတ်ထူပြား ထုတ်လုပ်ရေး လုပ်ငန်း များ အစည်းအဝေး နှင့် ကုန်ပစ္စည်း ပြပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၈ ရက်နေ့ မှ ၉ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ Sedona ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ ရှိ ထိပ်တန်း ကတ်ထူပြား စက္ကူဘူး ထုတ်လုပ်သည့် လုပ်ငန်းများ နှင့် ပုံနှိပ်လုပ်ငန်း ပေါင်း ၂၀ ကျော် တို့မှ လာရောက် ခင်းကျင်း ပြသ ခဲ့ကြောင်း သိရှိခဲ့ရသည်။

အခမ်းအနား အား ဦးစီး ကျင်းပ ပေးခဲ့သည့် Reed Exhibitions ကုမ္ပဏီ မှ ကိုယ်စားလှယ် မစ္စတာ ဝမ်ဝင်းကျယ် (Mr.Wang Wenjie) က အဖွင့်နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် ယခု အကြိမ်သည် မြန်မာ နိုင်ငံ တွင် ဒုတိယ အကြိမ်မြောက် ကတ်ထူပြား ထုတ်လုပ်ရေး လုပ်ငန်း နှင့် ပတ်သက်သည့် အစည်းအဝေး ကျင်းပ နိုင်ခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေး မှ တစ်ဆင့် ကတ်ထူပြား ထုတ်လုပ်မှု လုပ်ငန်း နှင့် ပတ်သက်၍ အတွေ့အကြုံများ ကို နှီးနှောဖလှယ်မှု များ တိုးမြှင့် ဆောင်ရွက်သွား လိုကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံတကာ ရှိ ကတ်ထူပြား ထုတ်လုပ်မှု လုပ်ငန်း နယ်ပယ်ရှိ ပုဂ္ဂိုလ် အသီးသီး တို့မှ ရန်ကုန်မြို့ သို့ လာရောက် စုဝေး ခဲ့ကြပြီး မျက်မောက်ခေတ် ကတ်ထူပြား လုပ်ငန်း အခြေအနေ ၊ အနာဂတ် အလားအလာ နှင့် ဈေးကွက်ကိုင်တွယ်ဖြေရှင်းမှု ဗျူဟာများကို ဆွေးနွေးတိုင်ပင် သွားကြကာ အတူတကွ အောင်မြင်မှု ရရှိရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ကတ်ထူပြား ထုတ်လုပ်ရေး လုပ်ငန်းများ အစည်းအဝေး နှင့် ကုန်ပစ္စည်း ပြပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

၂၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ကတ်ထူပြား ထုတ်လုပ်ရေး လုပ်ငန်းများ အစည်းအဝေး နှင့် ကုန်ပစ္စည်း ပြပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

လတ်တလော နှစ်ပိုင်းတွင် မြန်မာ နိုင်ငံ ၏ စက်မှု လုပ်ငန်း မှာ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာသည် နှင့်အမျှ ကတ်ထူ စက္ကူဘူး လုပ်ငန်း မှာလည်း အရှိန်အဟုန် ဖြင့် တိုးတက် လာခဲ့ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ၌ ကတ်ထူစက္ကူဘူး ထုတ်လုပ်သည့် လုပ်ငန်းကုမ္ပဏီ ပေါင်း ၁၀၀ ကျော် တည်ရှိပြီး ကတ်ထူပြား ထုတ်လုပ်သည့် လိုင်းပေါင်း ၂၃ လိုင်း တည်ရှိကြောင်း အခမ်းအနား မှ တစ်ဆင့် သိရှိခဲ့ရသည်။

၂၀၁၇ ခုနှစ် မြန်မာ နိုင်ငံ ကတ်ထူပြား ထုတ်လုပ်ရေး လုပ်ငန်း များ အစည်းအဝေး နှင့် ကုန်ပစ္စည်း ပြပွဲ ကို Reed Exhibitions ကုမ္ပဏီ မှ ဦးစီး ကျင်းပ ပေးခဲ့ပြီး မြန်မာ နိုင်ငံ ကတ်ထူပြား စက္ကူဘူး လုပ်ငန်းရှင်များ အသင်း (Myanmar Corrugated Box Association-MCBA) က ပူးတွဲ ကျင်းပ ပြုလုပ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ၊ အခမ်းအနား သို့ မြန်မာ နိုင်ငံရှိ ကတ်ထူပြား လုပ်ငန်း နှင့် ပတ်သက်သည့် ပုဂ္ဂိုလ်အသီးသီး တို့မှ တက်ရောက် ခဲ့ကြပြီး လုပ်ငန်းပိုင်းဆိုင်ရာ နှင့် နည်းပညာ ဆိုင်ရာ အတွေ့အကြုံများအား ဆွေးနွေး ဖလှယ်မှုများ ပြုလုပ် ခဲ့ကြကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.