Connect with us

Local

ကျောက်မျက် ရတနာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး AEC+8 ကျောက်မျက် နှင့် လက်ဝတ်ရတနာ ထိပ်သီး အစည်းအဝေးမှ အထောက်အကူပြုမည်ဟု ယုံကြည်ဟုဆို

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် ၆ ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်း အပေါင်း မိတ်ဖက် ၈ နိုင်ငံ ကျောက်မျက် နှင့် လက်ဝက် ရတနာ ထိပ်သီး အစည်းအဝေး(6th AEC+8 GEMS AND JEWELLERY PRESIDENTS’ SUMMIT)တွင် ကျောက်မျက် ရတနာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အကူ ဖြစ်မည့် အကြံပြုချက်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက ယနေ့သြဂုတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

၆ ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်း အပေါင်း မိတ်ဖက် ၈ နိုင်ငံ ကျောက်မျက် နှင့် လက်ဝက် ရတနာ ထိပ်သီး အစည်းအဝေးအား သြဂုတ် ၄ ရက်တွင် နေပြည်တော်ရှိ MICC-2 ၌ ပထမဆုံး အကြိမ် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။

ဂုဏ်ပြု ညစာစားပွဲသို့တက်ရောက်လာသည့် သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ)

၆ ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်း အပေါင်း မိတ်ဖက် ၈ နိုင်ငံ ကျောက်မျက် နှင့် လက်ဝက် ရတနာ ထိပ်သီး အစည်းအဝေးအား ဂုဏ်ပြုကြိုဆိုသည့် မိတ်ဆုံ ညစာစားပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ဂုဏ်ပြုညစာ စားပွဲတွင် အာဆီယံ အကဖြင့် ဖျော်ဖြေ တင်ဆက်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဂုဏ်ပြု ညစာစားပွဲသို့တက်ရောက်လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဂုဏ်ပြု ညစာစားပွဲသို့တက်ရောက်လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဂုဏ်ပြု ညစာစားပွဲသို့တက်ရောက်လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဂုဏ်ပြု ညစာစားပွဲတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ထိုအစည်းအဝေးသည် AEC နိုင်ငံများ နှင့် မိတ်ဖက် နိုင်ငံများ အကြား အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု ၊ ပူးပေါင်း ဆောင်ရွက်မှု ၊ အပြန်အလှန် ကုန်သွယ်မှု ၊ နည်းပညာ မျှဝေမှုများကို ပိုမို မြှင့်တင် ပေးနိုင်မည်ဟုလည်း မျှော်လင့်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက ပြောကြားခဲ့သည်။

၆ ကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အဝန်း အပေါင်း မိတ်ဖက် ၈ နိုင်ငံ ကျောက်မျက် နှင့် လက်ဝက် ရတနာ ထိပ်သီး အစည်းအဝေးအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိတ်ဆုံ ညစာစားပွဲ(GRAND GALA DINNER)အား ယနေ့သြဂုတ် ၃ ရက်တွင် နေပြည်တော်ရှိ MICC-2 ၌ ကျင်းပခဲ့ရာတွင် ၎င်းကထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ညစာစားပွဲတွင် မြန်မာ့ ကျောက်မျက် ရတနာ ဒီဇိုင်းများ ဝတ်ဆင် ပြသမှုများ ၊ ရိုးရာ အက ဖျော်ဖြေမှုများ ၊ ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုဂုဏ်ပြုညစာစားပွဲသို့ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အပါအဝင် အာဆီယံ နိုင်ငံများ နှင့် မိတ်ဖက် နိုင်ငံ ဒေသများမှ ကျောက်မျက် လုပ်ငန်းရှင်များ ၊ အဖွဲ့အစည်းများ ၊ ကျောက်မျက် ရတနာ ကုန်သည်များ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ ကျောက်မျက် လုပ်ငန်းရှင် အသင်းများ ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ပြည်တွင်း ၊ ပြည်ပမှ ၆၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117