Connect with us

Local

နိုင်ငံခြားငွေ လဲလှယ်နှုန်းများ တည်ငြိမ်စေရေး ညှိနှိုင်း ဆွေးနွေး

နိုင်ငံခြားငွေ လဲလှယ်နှုန်း ဆိုင်ရာများ ညှိနှိုင်း ဆွေးနွေးနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၉ ရက်တွင် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ယခုအခါ အမေရိကန်ဒေါ်လာသည် တစ်ဖြည်းဖြည်းခိုင်မာလျက်ရှိပြီး ကမ္ဘာ့နိုင်ငံအများစု၏ ငွေကြေး တန်ဖိုးများ အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် ကျဆင်းလျက် ရှိကြောင်း ၊ ရှိသင့်ရှိထိုက်သည့် တန်ဖိုးကျဆင်းမှုကို လက်ခံရမည်ဖြစ်သော်လည်း အခွင့်ကောင်းယူ၍ ဆောင်ရွက်နေသူများလည်း ရှိနေသဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တည်ငြိမ်အောင် တုံ့ပြန် ဆောင်ရွက်လျက်ရှိသည့်အချက် များနှင့် ဆက်လက် ဆောင်ရွက် သွားမည့် အချက်များကို ဆွေးနွေးကြကြောင်း သိရသည်။

ထို့အတူ သွင်းကုန် အပိုင်းတွင် ဇိမ်ခံ ပစ္စည်းများနှင့် အခြားမရှိမဖြစ် လိုအပ်သည့်ပစ္စည်းများ တင်သွင်းမှုကို သုံးသပ်၍သာ စိစစ်ခွင့်ပြုသွားရန် ကိစ္စ၊ မော်တော်ယာဉ် တင်သွင်းခွင့်ပြုသည့်ကိစ္စ၊ Duty Free Shop နှင့် အလှကုန်ပစ္စည်းများ တင်သွင်းမှုကိုသုံးသပ်၍ စိစစ်ခွင့်ပြုရန်ကိစ္စ၊ ပို့ကုန်အပိုင်းတွင် T/T၊ စနစ်ဖြင့် ဆောင်ရွက်နေမှု အစား L/C စနစ်ကျင့်သုံးမှု တိုးမြင့်စေရေးဆောင်ရွက်ရန်ကိစ္စ၊ ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများအနေဖြင့် ပြန်လည် ရင်းနှီး မြှုပ်နှံမှုအတွက် ပြည်ပ သို့ ငွေလွှဲဆောင်ရွက်နေမှုအပေါ် စိစစ်ရန်ကိစ္စ၊ Export ရငွေနှင့် Re-export ရငွေများ ပြန်လည်ဝင်ရောက်ခြင်း ရှိ-မရှိ စိစစ်ဆောင်ရွက်ရန်ကိစ္စ၊ ပို့ကုန်အပေါ် သင့်တင့်သည့် အခွန်နှုန်းထားများ ဖြေလျှော့ပေးရေး အတွက် သုံးသပ်ရန်ကိစ္စ၊ ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအပေါ် အခွန်တိုးမြှင့် ကောက် ခံရေးအတွက် သုံးသပ်ရန်ကိစ္စ၊ ပို့ကုန် ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် ဘဏ်စာရင်းများမှန်ကန်စွာတင်ပြရေး၊ မှန်ကန်စွာ တင်ပြခြင်းမရှိသည့် ကုမ္ပဏီများကို အရေးယူ ဆောင်ရွက်သွားရေးကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.