Connect with us

Local

ဒေါ်လာဈေးဆက်တက်၊ မြန်မာ့ငွေဈေးကျ၊ သွင်းကုန်တက်ရိပ်ပြ

အမေရိကန်ဒေါ်လာများမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဒေါ်လာဈေးသည် နှစ်ပတ်အတွင်း တစ်ဒေါ်လာကို ကျပ် ၁,၀၃၅ မှ ကျပ် ၁,၀၇၂ အထိ တက်လာခဲ့ပြီး လက်ရှိတွင် ဒေါ်လာဈေး ဆက်လက်၍ တက်ရိပ်သန်းလျက်ရှိသောကြောင့် မြန်မာ့ငွေဈေး ဆက်လက် ကျဆင်းနိုင်သည့် အလားအလာ စိုးရိမ်ရကြောင်း စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးမှ ဆင်ဟွာ သို့ပြောသည်။

ဒေါက်တာမောင်မောင်စိုးမှ “ဒေါ်လာဈေးတက်တော့ အိတ်စပို့က မြင့်လာမယ်။ အင်ပို့ကတော့ ပြည်တွင်း ဈေးကွက်မှာ ဈေးတက်မယ်။ အစိုးရရဲ့ ပေါ်လစီကိုင်တွယ်ပုံနဲ့ ဆိုင်တယ်။ ဒေါ်လာဆိုတာကလည်း ညွှန်းကိန်း တစ်ခုလိုပေါ့။ အစိုးရရဲ့ ငွေကြေး ကိုင်တွယ်မှု ပေါ်မူတည်တယ်’’ ဟုပြောသည်။

ဒေါ်လာ ဝယ်ရောင်းလုပ်သူ တစ်ဦးက “ လွှတ်တော်မှာ ဘတ်ဂျက် တိုးတောင်းတယ်။ လွှတ်တော်အမတ်က ၁၀ သိန်းအထိ လစာတိုးတယ်။ ဝန်ထမ်း လစာတွေ တက်ဖို့ရှိတယ်။ ငွေကြေး ဖောင်းပွလာရင် ဒေါ်လာဈေး တက်နိုင်တယ်။ ဒေါ်လာဈေးက ဆက်ပြီးတက်ရိပ်ရှိနေတယ်” ဟုပြောသည်။

သြင်္ကန်ပိတ်ရက် နီးလာခြင်း၊ ရွှေဈေးကျဆင်းခြင်း ၊ နိုင်ငံရေး မတည်ငြိမ်မှုဖြစ်ခြင်း စသည့် အချက်များကလည်း ဒေါ်လာဈေးတက်ရန် ပံ့ပိုးပေးကြောင်းဆိုသည်။ ဒေါ်လာဈေး ဆက်တက်ပါက မြန်မာ ကျပ်ငွေတန်ဖိုး ဆက်လက် ကျဆင်းနိုင်ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလဆန်းတွင် တစ်ဒေါ်လာကို မြန်မာငွေ ၁,၀၂၅ ကျပ် ပေါက်ဈေးရှိပြီး မတ်လ (၃) ရက်နေ့မှာ တစ်ဒေါ်လာကို ၁,၀၄၀ ကျပ်အထိ တက်လာခဲ့သည်။

ရွှေဈေးနှုန်းမှာ ဆက်လက် ကျဆင်းလျက်ရှိပြီး ကမ္ဘာ့ရွှေဈေးက တစ်အောင်စ ကို ၁,၃၀၅ ဒေါ်လာမှ ၁,၁၅၈ ဒေါ်လာအထိ ကျဆင်းလာသည်။ ထိုကဲ့သို့ ရွှေဈေးကျဆင်းခြင်းကြောင့် ဒေါ်လာဈေး မာရခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေဆိုင်ပိုင်ရှင် တစ်ဦးကလည်း “အဓိကကတော့ အမေရိကန်စီးပွားရေးက ကောင်းနေတယ်။ ဒီတော့ သူတို့ငွေက မာလာတယ်။ ဒီတော့ ကမ္ဘာ့ရွှေဈေးက ကျတယ်။ လောလောဆယ် ရွှေဈေးကတော့ ဆက်ကျနိုင်တဲ့ အနေအထားမှာရှိတယ်” ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.