Connect with us

Local

ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၈.၃ ရာခိုင်နှုန်းအထိ တိုးတက်နိုင် ကြောင်း ADB ထုတ်ပြန်

ရန်ကုန်မြို့ ဆိပ်ကမ်းတွင် ကွန်တိန်နာများ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ၈.၃ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ပြီး၊ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၈.၄ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း အာရှဖွံ့ဖြိုးမှုဘဏ် (ADB) ယနေ့ထုတ်ပြန်သော စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွင် ပါရှိသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ပိုမိုပေါင်းစည်းနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ထိုကဲ့သို့ပိုမို ပေါင်းစည်းလာနိုင်မှာ ဖြစ်တဲ့အတွက် နောင်လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ်ဘဏ္ဍာနှစ်မှာလည်း စီးပွားရေးဖွ့ံ့ဖြိုးတိုးတက်မှုက ၈ ရာခိုင်နှုန်း အထက်မှာရှိနိုင်မယ်လို့ ADB အနေနဲ့ မျှော်လင့်ထားတယ်’’ ဟု မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ဌာနေ ကိုယ်စားလှယ် ပီတာဘရင်းဘဲလ် က ပြောကြားသည်။

ဘဏ္ဍာရေးဆိုင်ရာ သုံးငွေများ မြင့်မားလာခြင်းနှင့်အတူ လုပ်ခလစာများ မြင့်မား လာနိုင်သည့် အတွက် ပြည်တွင်းဝယ်လိုအား တိုးတက်လာစေနိုင်တဲ့ အတွက် ငွေကြေးဖောင်းပွမှုနှုန်းက ၈.၄ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း ADB က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြန်မာအစိုးရ၏ ဘဏ္ဍာရေး မူဝါဒသည် စီးပွားရေး တိုးတက်လာစေရန် လှုံံဆော်မှုများ ဖြစ်လာစေမည်ဟု မျှော်လင့်ရပြီး အစိုးရသုံးစွဲငွေ မြင့်တက်လာခြင်းနှင့် နိုင်ငံ့ဝန်ထမ်းလစာများ တိုးမြင့်နိုင်ခြေရှိခြင်းသည် ဘဏ္ဍာရေး လိုငွေ ကွာဟမှုကို GDP ၏ ၆.၃ ရာခိုင်နှုန်း ရောက်နိုင်ခြင်းကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ် နေသည်ဟု ADB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံခြားငွေ ပိုများလာအောင် ထိန်းဖို့လို တယ်။ ကြွေးမြီတွေကတော့ အန္တရာယ် ဖြစ်စေနိုင်တဲ့ အခြေအနေမှာ မရှိပါဘူးဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီသည် ဒေါ်လာ ၁၂.၅ ဘီလီယံ အထိ ရောက်ရှိနိုင်ပြီး ကြွေးမြီ ပမာဏသည် နိုင်ငံ့ GDP ၏ ၁၈ ရာခိုင်နှုန်းသို့ မြင့်တက်လာ နိုင်ကြောင်း ADB က ခန့်မှန်းသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နှုန်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ၈.၃ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊ ADB အနေဖြင့် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ် စီမံကိန်းအဖြစ် မဟာဗျုဟာ တစ်ရပ်ကို ရေးဆွဲ နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.