Connect with us

Local

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ဆယ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်းခန့် လျော့ကျ

ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် ဒုတိယပိုင်း ထုတ်ပြန်ပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေသည် ဆယ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည် ဟု ကမ္ဘာ့ဘဏ်က ယနေ့ ထုတ်ပြန်သော “မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ လေ့လာ စိစစ် ချက် အစီရင်ခံစာ အပိုင်း (၂)” တွင် ဖော်ပြပါရှိသည်။

ကမ္ဘာ့ဘဏ်အုပ်စုနှင့် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးတွဲလေ့လာ စိစစ် သုံးသပ် ထားသည့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် အပိုင်း(၂) တွင် အဓိက တွေ့ရှိချက် လေးခုကို ဖော်ပြထားပြီး တွေ့ရှိချက် နံပါတ် (၁) တွင် …… “မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါး မှုသည် ၂၀၀၄ – ၂၀၀၅ ခုနှစ်တွင် ၄၈ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၃၂ ဒသမ ၁ ရာခိုင်နှုန်းသို့ လျော့ကျသွားသည်ဟု ခန့်မှန်း တွက်ချက်ပါသည်” ဟု ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ် အရှေ ့အာရှ ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌ Victoria Kwakwa အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ကမ္ဘာ့ဏ်မှ အကြီးတန်း ညွှန်ကြားရေးမှူး Dr. Caroliana Sanchez Paramo အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် ဒုတိယပိုင်း ထုတ်ပြန်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ဆင်းရဲနွမ်းပါးမှု အခြေအနေ လေ့လာစိစစ်ချက် ဒုတိယပိုင်း ထုတ်ပြန်ပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ တွေ့ရှိချက်သည် ၂၀၁၅ ခုနှစ်၏ စားသုံးမှု ပုံစံများအပေါ် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ပြီး အိမ်ထောင်စု အများစုသည် ရာသီဥတု ၊ သို့မဟုတ် ကျန်းမာရေး ကိစ္စများ ကဲ့သို့သော ကြီးမားသည့် ထိတ်လန့် စရာ အကျပ်အတည်းများကို ရင်ဆိုင်နေကြရကြောင်း၊ ကျန်းမာရေးနှင့် ရာသီဥတု ဖောက်ပြန်မှုများကြောင့် စီးပွားရေးအပေါ် သက်ရောက်မှု ဖြစ်စေကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာ ထုတ်ပြန်ပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ကမ္ဘာ့ဘဏ်နှင့် ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ INGOs များ တက်ရောက်ခဲ့ကြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ ကမ္ဘာ့ဘဏ် အရှေ ့အာရှ ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဌ Victoria Kwakwa နှင့် ကမ္ဘာ့ဘဏ်မှ အကြီးတန်း ညွှန်ကြားရေးမှူး Dr. Caroliana Sanchez Paramo တို့က အဖွင့် အမှာစကား၊ အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.