Connect with us

Local

နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့်ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုပြီ

စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--စီးပွားကူးသန်း)

ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့်ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်းသည် စားသုံးသူများအတွက် ပိုမိုကောင်းမွန်၍ ရွေးချယ်စရာ ပိုမိုများလာခြင်းဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆင်ဟွာကိုပြောသည်။

စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးသူများအကြား မျှတသော ယှဉ်ပြိုင်မှုတိုးတက်စေခြင်းအားဖြင့် စားသုံးသူများအတွက် ဈေးနှုန်းလျှော့ကျပြီး ရွေးချယ်ခွင့် ပိုမိုရရှိစေရန်လည်းကောင်း၊ ရောင်းချဖြန့်ဖြူးမှုလုပ်ငန်းများတွင် ကုန်ပစ္စည်းအရည်အသွေး နှင့် ဝန်ဆောင်မှု အရည်အသွေး၊ နည်းပညာများတိုးတက်စေရန်လည်းကောင်း၊ ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိ၍ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်လည်းကောင်း ရည်ရွယ်၍ နိုင်ငံခြားသား ကုမ္ပဏီများအား ဤအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ ပြည်တွင်းတွင် လက်လီလက်ကား ရောင်းချခွင့် ပြုလိုက်သည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ မေလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

လက်လီ၊ လက်ကားရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မည်သည့် မြန်မာနိုင်ငံသားအပြည့်အဝ ဆောင်ရွက်သည့်ကုမ္ပဏီ၊ မြန်မာနိုင်ငံသားအပြည့်အဝဆောင်ရွက်သည့်ကုမ္ပဏီ၊ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့် အညီ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာစိုးထွန်းက “လုပ်ငန်းရှင်အသေး အိမ်ဆိုင်လေးတွေလိုမျိုးကတော့ သတိထားရမယ့်အနေအထားမှာ ရှိပါတယ်။ စားသုံးသူတွေက ပိုကောင်းနိုင်တယ်။ အိမ်ဆိုင်လို အသေးစားလေးတွေ ကတော့ ပိုပြီးသတိထားသင့်တယ်။ သေချာတွက်ချက်မှုတွေ လုပ်သင့်တယ်။’’ ဟုပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.