Connect with us

Local

ရွှေစင်၊ စိန်နှင့် မြတို့ အခွန် ကင်းလွတ်ခွင့်ဆိုင်ရာ တင်ပြချက် ပြည်ထောင်စု လွှတ်တော်အတည်ပြု

မြန်မာ့ ရွှေလက်ဝတ်ရတနာများကို တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသော အခွန်အကောက်ဥပဒေပါ ကုန်စည်အချို့ အပေါ်တွင် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်လွတ်ခွင့်ပြုရေး နှင့် ပတ်သက်ပြီး ရွှေစင်၊ ရွှေတုံးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် နှင့် စိန်နှင့် မြတို့အား အထူးကုန်စည်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့် ပေးရန် အစိုးရအဖွဲ့၏ တင်ပြချက်ကို ယနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

နိုင်ငံတော် အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည့် အဆိုပါ တင်ပြချက်ကို သြဂုတ်လ ၁ ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြရာ ကိုယ်စားလှယ် အချို့က ကန့်ကွက် ဆွေးနွေးခဲ့ ကြသော်လည်း ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်၏ သဘောထားကို ဆန္ဒမဲဖြင့် ကောက်ခံ ခဲ့ရာ ထောက်ခံမဲ ၃၆၁ မဲ၊ ကန့်ကွက်မဲ ၁၈၁ မဲ၊ ကြားနေ တစ်မဲဖြင့် အတည်ပြုခဲ့ ခြင်း ဖြစ်သည်။

ထိုသို့ အတည်ပြုခဲ့သောကြောင့် စိန်နှင့် မြတို့အပေါ် အထူးကုန်စည်ခွန် ကောက်ခံခြင်းနှင့် ရွှေစင် ရွှေတုံးတို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့မှ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကင်းလွတ်ခွင့် ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.