Connect with us

Local

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ရာခိုင်နှုန်း ၆၀ ကျော် ဓာတ်အား မရရှိသေးဟုဆို

ပဲခူးတိုင်း ရွှေကျင် ရေအားလျှပ်စစ် ဖြန့်ဝေရေးတွင် ဝန်ထမ်းတစ်ဦး အလုပ်လုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် စုစုပေါင်းကျေးရွာ ၆၄,၉၀၀ ကျော်ရှိပြီး ယနေ့ထိ ဓာတ်အားမရရှိသေးသော ကျေးရွာပေါင်း ၃၉,၉၀၀ ရွာခန့် ရှိနေပြီး၊ ၎င်းကျေးရွာ အားလုံးကို နှစ်အနည်းငယ်အတွင်း မီးလင်းရန် ဆောင်ရွက်ပါက သုံးစွဲရမည့် ရန်ပုံငွေပမာဏ များစွာလိုအပ်မည်ဖြစ်ကြောင်း ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦး မှပြောကြားခဲ့သည်။

၂၀၃၀ ခုနှစ်၌ မြန်မာနိုင်ငံအတွင်းရှိ ဒေသများအားလုံးတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရန် ရည်ရွယ်ပြီး ကမ္ဘာ့ဘဏ်အကူအညီဖြင့် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် (National Electrification Plan)ကို ရေးဆွဲလျက်ရှိပြီး၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ခွင့်ပြုပေးနိုင်သည့် ရန်ပုံငွေအပြင် ကမ္ဘာ့ဘဏ် (WB)၊ အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် အခြားနိုင်ငံများ၏ အကူအညီ အထောက်အပံ့များကို ရယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်သန်းဦးမှ ပြောကြားသည်။

အစိုးရသစ် လက်ထက် ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများကို နိုင်ငံတော် ဓာတ်အားစနစ်မှ ဆောင်ရွက်ပေးသည့် နည်းတူ အသေးစားရေအား၊ နေရောင်ခြည်၊ ဇီဝလောင်စာ၊ စပါးခွံလောင်စာတို့ကို အသုံးပြု၍ ဓာတ်အားရရှိရေးအတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနတို့မှလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.