Connect with us

Local

မြေ၊ အိမ်၊ အဆောက်အဦး၊ တိုက်ခန်း၊ မော်တော်ယာဉ်များ အခွန်ကိစ္စ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်

ရန်ကုန်မြို့ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

မြေ၊ အိမ်၊ အဆောက်အဦး၊ တိုက်ခန်း၊ မော်တော်ယာဉ် များအား အခွန်ဆိုင်ရာ ရှင်းလင်းမှုများ စောလျင်စွာ ဆောင်ရွက်ရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကြေညာချက် တစ်စောင်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ ကြေညာချက်တွင် မြေ၊ အိမ်၊ အဆောက်အဦး၊ မော်တော်ယာဉ် အစရှိသည့် ပစ္စည်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများအပေါ် ဝင်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်နိုင်ရန် အတွက် ကာလတန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့မှ စိစစ် သတ်မှတ်ပေးလျက် ရှိကြောင်း ၊ ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးအဖွဲ့မှ အခြေပစ္စည်း( အိမ်၊ ခြံ၊ မြေ နှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ) နှင့် ပက်သက်၍ ကာလတန်ဖိုး စိစစ်သတ်မှတ်ပေးပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးများတွင် အခွန်စည်းကြပ်မှု ခံယူရန် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်နေသည်များ ရှိကြောင်း ၊ သို့ဖြစ်ပါ၍ အခြားပစ္စည်း( အခြေပစ္စည်းတွင် မပါဝင်သောပစ္စည်း) များနှင့် ပက်သက်၍ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက် မတိုင်မီ ကာလတန်ဖိုး စိစစ်သတ်မှတ်ပြီး ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး သို့ ဆက်သွယ်စည်းကြပ်မှု ခံယူခြင်းမရှိပါက ကာလတန်ဖိုး စိစစ် သတ်မှတ်ခြင်း စာရင်းမှ ပယ်ဖျက်သွားမည်ဟု အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်၍ အခြေပစ္စည်း နှင့် ပက်သက်သည့် ကာလ တန်ဖိုး စိစစ် သတ်မှတ်ပေးပြီး ဖြစ်သော်လည်း ကာလတန်ဖိုး စိစစ်သတ်မှတ် ပြီးသည့်နေ့ရက်မှ တစ်နှစ်အတွင်း အခွန်စည်းကြပ်မှု ခံယူခြင်း မရှိပါက ကာလတန်ဖိုး စိစစ် သတ်မှတ်ခြင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117