Connect with us

Local

မြန်မာ့အထည်ချုပ်လုပ်ငန်း အတွက် Smart Myanmar မှ ယူရို ၂.၈ သန်းကူညီမည်

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် ပွဲတွင် အခြေစိုက် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး Mr.Roland Kobia (မစ္စတာရိုလန် ကိုဘီယာ) မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရေနံ နှင့် သဘာဝဓာတ်ငွေ့ပြီးလျှင် နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးသည့် အထည်ချုပ်လုပ်ငန်း အား Smart Myanmar အနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဒုတိယအဆင့်အနေဖြင့် ယူရို ၂.၈ သန်း ကူညီမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမြင့်စိုးက ဆင်ဟွာကိုပြောသည်။

ယနေ့ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသည့် ပွဲတွင် အခြေစိုက် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး Mr.Roland Kobia (မစ္စတာရိုလန် ကိုဘီယာ) က “Smart Myanmar မှာ အထူးကျွမ်းကျင်သူတွေနဲ့ နည်းပညာတွေရှိပါတယ်။ အဲ့ဒီလူတွေက စက်ရုံတွေကို လူမှုရေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေးစားလိုက်နာရမယ့် အချက်တွေကို နားလည်ဖို့ အဓိက လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်’’ ဟု ပြောသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမြင့်စိုးအား တွေ့ရစဉ် (ဆင်ဟွာ)

ဦးမြင့်စိုးက “ အထည်ချုပ်လုပ်ငန်းက မြန်မာနိုင်ငံမှာ ပို့ကုန်ပို့တဲ့ အခါ ရတဲ့ တန်ဖိုးအားဖြင့် ဆိုရင်တော့ ဒုတိယအများဆုံးပေါ့။ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ပြီးရင် ဒုတိယအများဆုံးပဲ ။ အကျီ ၤတန်ဖိုးနဲ့ တွက်ရင်တော့ များတယ်။ ကိုယ့်ဘက်ကကျတော့ လက်ခစားဆိုတော့ ကိုယ်တကယ်ရတာကတော့ နည်းတာပေါ့’’ ဟုပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အထည်ချုပ်လုပ်ငန်းပေါင်း ၃၀၀ ကျော်ရှိသည်။လက်ရှိတွင် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများတွင် ချုပ်သည့်အထည်များအား ဥရောပသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊ ဒုတိယ အများဆုံးတင်ပို့ရသည့် နိုင်ငံသည် ဂျပန်နိုင်ငံဖြစ်ကြောင်း ဦးမြင့်စိုးကဆိုသည်။

Smart Myanmar အနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဒုတိယအဆင့်အနေဖြင့် ကူညီမှုများပြုလုပ်ရန် ဘတ်ဂျက်အားဖြင့် ယူရို ၂.၈ သန်းအားချထားပေးကြောင်းသိရသည်။ အီးယူ (ဥရောပသမဂ္ဂ) အနေဖြင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်ရလဒ်သည် ၃၀၀ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.