Connect with us

Local

မြန်မာ့ရေထွက်ကုန်များ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြန်လည် တင်ပ့ိုနိုင်ရေး ဆွေးနွေး

မြန်မာ့ရေထွက်ကုန်ပစ္စည်း စက်ရုံအားတွေ့ရစဉ်(ဓာတ်ပုံ-ministry of commerce)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

မြန်မာ့ရေထွက်ကုန်များ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရေး အတွက် ဆော်ဒီအာရေဗျနိုင်ငံ သံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေးရာ အကြီးအကဲဖြစ်သူနှင့် ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဆော်ဒီ အာရေဗျနိုင်ငံသို့ ရေထွက်ကုန် တင်သွင်းခွင့်ကို ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ သံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က အကြောင်း ကြားခဲ့ကြောင်း၊

ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာ တွင် နှစ်စဉ်တင်ပို့လျက်ရှိသော်လည်း မြန်မာ့ရေချိုပုစွန်၌ white tail disease ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် ယာယီတားမြစ် ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံသို့ ရေထွက်ကုန်တင်ပို့မှုသည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ ရေထွက်ကုန် စုစုပေါင်း တင်ပို့မှု၏ ၃ ဒသမ ဝ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ၁၂ ဒသမ ၉၂ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.