Connect with us

Local

မြန်မာ့ရွှေဈေး တစ်ကျပ်သား ကျပ်၁,၁၀၇,၀၀၀ အထိတက် ဆက်တိုက်တက်လာ

ရွှေဆိုင်တစ်ဆိုင်တွင် ရွှေရောင်းဝယ်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးတစ်ကျပ်သားကို ကျပ် ၁,၀၈၂,၀၀၀ က ၁,၁၀၇,၀၀၀ အထိတစ်ပတ်အတွင်း ကျပ် ၂၅,၀၀၀ တက်ခဲ့ကြောင်း ရွှေဈေးကွက်သတင်းများအရ သိရသည်။

ပန်းဘဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ရှင် ဦးဇော်အောင်က “ရွှေဈေးတက်ရတာ က ကမ္ဘာ့ရွှေဈေးတက်လို့ တက်တာပါ။လက်ရှိမှာ မြန်မာ့ရွှေဈေး အတက်အကျ က ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်မူတည်နေပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးက ဆက်တိုက်တက်လျက်ရှိပြီး ဇွန်၁၄ ရက်တွင် တစ်အောင်စ ကို ၁၃၄၀ဒေါ်လာ ရှိပြီး၊ ဇွန် ၂၁ ရက် တွင် တစ်အောင်စကို ၁၃၉၄ ဒေါ်လာ အထိမြင့်တက်ခဲ့သည်။

၂၉လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်ကလည်း “ရွှေဈေးက ဆက်တိုက်တက်နေပါတယ်။ လက်ဝတ်လက်စား အရောင်းအဝယ်တွေ က ဈေးတက်တော့ အေးပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ငွေကြေးလဲလှယ်မှုနှုန်းကမူ ဇွန် ၂၁ရက် နေ့လည်ဘက် တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၁၆ ကျပ်ပေါက်ဈေးရှိကြောင်း သိရသည်။

လသာရှိ တစ်ခြားရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ရွှေကဈေးတက်တော့ အဝယ်ထက် အရောင်း ပိုများ တယ်။ ဒီနေ့ တစ်ရက် တည်းတင် ရွှေဈေးက တစ်ကျပ်သားကို ကျပ်၁၁သိန်းခဏကျော်သွားသေးတယ်။ ပြန်ကျရင် တောင် ၁၁ သိန်းအောက်တော့ မကျနိုင်သေးဘူး’’ ဟု ဆင်ဟွာကိုပြောသည်။

ယနေ့ နေ့လည် ဘက်တွင် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၁၇၀,၀၀၀၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ကို ၁၃၉၄ ဒေါ်လာရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.