Connect with us

Local

မြန်မာ့သစ်မွှေး ထုတ်ကုန်များ ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့ရောင်း ချတော့မည်

သစ်မွှေးထုတ်ကုန်တချို့အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ်အတွင်း မြန်မာ့သစ်မွှေး ထုတ်ကုန်များ ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့ရောင်း ချနိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးသောင်းညွန့် (သောင်းညွန့်သစ်)က ပြောသည်။

ယခုအခါ မြန်မာနိုင်ငံသစ်မွှေးလုပ်ငန်းရှင်များအသင်းက ဒူဘိုင်းတွင် သစ်မွှေး ထုတ်ကုန်များ ကျယ်ကျယ်ပြန့် ပြန့်တင်ပို့ ရောင်းချသွားနိုင်ရန် အတွက် ရုံးခွဲကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

၂ဝဝ၉ ခုနှစ်မှ စတင်ပြီး နိုင်ငံ တစ်ဝန်းလုံးတွင် သစ်မွှေးစိုက်ပျိုးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ သစ်မွှေးပင်များမှ ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်အချိန်သို့ ရောက်ရှိနေ ပြီဖြစ်ကြောင်း၊ အချို့သော လုပ်ငန်းရှင် များက စတင်ထုတ်လုပ်လာပြီဖြစ် ကြောင်း၊ ပြည်တွင်းပြည်ပ ဈေးကွက် ကျယ်ပြန့်လာအောင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ တစ်နိုင်ငံလုံး သစ်မွှေးစိုက်ဧက ၁ဝ,ဝဝဝ ကျော်ရှိကြောင်း၊ အပင်အားဖြင့် သန်း ၅ဝ ခန့်ရှိကြောင်းသိရသည်။

သစ်မွှေးကို အဓိကအားဖြင့် ဆေးဝါး ထုတ်ကုန်များတွင်ထည့်သွင်းအသုံးပြု လေ့ရှိကြောင်း၊ အလှကုန်နှင့်ရေမွှေးထုတ်လုပ်မှု များတွင်လည်း အသုံးပြုကြောင်း သိရသည်။

မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များ အသင်းကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက် မှစတင်ထူထောင်ခဲ့ပြီး ယခုအခါအသင်းဝင်ပေါင်း ၇ဝဝ ကျော်ရှိနေပြီဖြစ်ကြောင်း၊ သစ်မွှေးလုပ်ငန်းရှင်များက ၎င်းတို့၏ သစ်မွှေးစိုက်ခင်းများမှ သစ်မွှေးထုတ်ကုန် များကို ပြည်တွင်းပြည်ပသို့ ကျယ်ကျယ် ပြန့်ပြန့်တင်ပို့နိုင်ရန် တာစူနေပြီဖြစ် ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.