Connect with us

Local

မြန်မာ့ တွင်းထွက် ရတနာများ အကြောင်း ကမ္ဘာ့နိုင်ငံများ ပိုမို သိမြင် လာစေရန် ပထမ အကြိမ် မြန်မာ့ ကျောက်မျက် ရတနာနေ့ကျင်းပ

ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူက မြန်မာ့ကျောက်မျက် ရတနာနေ့ အခမ်းအနားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာ့ တွင်းထွက် ရတနာများ အကြောင်းအား ကမ္ဘာ့နိုင်ငံများမှ ပိုမို သိမြင်လာစေရန် ရည်ရွယ်ချက်များ အပါအဝင် ပထမ အကြိမ် မြန်မာ့ ကျောက်မျက် ရတနာနေ့အား ယနေ့သြဂုတ် ၃ ရက်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာ့ကျောက်မျက် ရတနာနေ့အခမ်းအနားအား ဒုတိယ သမ္မတ ဦးဟန်နရီ ဗန်ထီးယူက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း က နိုင်ငံအတွင်း ခေတ်အဆက်ဆက် ထွက်ရှိခဲ့သည့် ထင်ရှား ကျော်ကြားသော ကျောက်မျက် ရတနာများ၏ သမိုင်းကြောင်းအား ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် ဂုဏ်ပြုနိုင်ရန် ၊ အရိုင်းထည် ကုန်ကြမ်း ရောင်းချသည့် အဆင့်မှ အချောထည် ထုတ်လုပ် ရောင်းချ နိုင်ရေးကို ဈေးကွက် အဆင့်သို့ကူးပြောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးနိုင်သကဲ့သို့အထောက်အကူ ဖြစ်စေရန် လည်းကောင်း ရည်ရွယ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း က အဖွင့် အမှာ စကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ့ကျောက်မျက် ရတနာနေ့အခမ်းအနားတွင် ခင်းကျင်း ပြသထားသည့် ကျောက်မျက် ရတနာများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ကျောက်မျက် ရတနာနေ့အခမ်းအနားတွင် ခင်းကျင်း ပြသထားသည့် ကျောက်မျက် ရတနာများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ကျောက်မျက် ရတနာနေ့အခမ်းအနားတွင် ခင်းကျင်း ပြသထားသည့် ကျောက်မျက် ရတနာများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက နှုတ်ခွန်းဆက် စကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ့ကျောက်မျက် ရတနာနေ့အခမ်းအနားတွင် ခင်းကျင်း ပြသထားသည့် ကျောက်မျက် ရတနာများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ကျောက်မျက် ရတနာနေ့အခမ်းအနား ကြေညာထားမှုအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း အဖြစ် စတင် တည်ထောင်ခွင့် ရခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မြန်မာ့ ကျောက်မျက် ရတနာနေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက “မြန်မာ့ ကျောက်မျက် ရတနာနေ့အဖြစ် သတ်သတ်မှတ်မှတ် အသိအမှတ်ပြုပြီး ပထမဆုံး အကြိမ် ကျင်းပနိုင်ခြင်းဟာ ကျောက်မျက် ရတနာကို အမှီပြုပြီး သက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အတွက် သာမက နိုင်ငံသူ/သားများ အားလုံး အတွက်လည်း ဂုဏ်ပြု ဝမ်းမြောက်စရာ ဖြစ်ပါတယ်။”ဟု အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ကျောက်မျက် ရတနာများအား ကမ္ဘာ့ဈေးကွက်ထဲသို့ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိအောင် ထိုးဖောက်နိုင်ရန် ကြိုးစား ကြရမည် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာ့ ကျောက်မျက် ရတနာနေ့ကျင်းပခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးက မြန်မာ့ ကျောက်မျက် ရတနာများအား ပိုမို စိတ်ဝင်စား လာစေရေး ဖော်ထုတ် ပြသရန် ၊ အရိုင်းထည် ကုန်ကြမ်း ရောင်းချရာမှ အချောထည် ဈေးကွက်သို့ရောင်းချနိုင်ရေး ကြိုးစားကြရန် ၊ အာဆီယံ နိုင်ငံများ နှင့် မိတ်ဖက် နိုင်ငံများ ၊ ဒေသများ နှင့် ချိတ်ဆက် ပူးပေါင်းပြီး ကုန်သွယ်မှု မြင့်တင် ဆောင်ရွက်ရန် ဆိုသည့် ရည်ရွယ်ချက်များအား ရှေ့လုပ်ငန်းစဉ် အဖြစ် ဖော်ထုတ် ချမှတ် သွားရန် လိုအပ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူက တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာ့ ကျောက်မျက် ရတနာနေ့၏ ဆောင်ပုဒ်မှာ “စည်းကမ်း ရှိစွာ ထုတ်လုပ်ပါ။ကျောက်မျက် တန်ဖိုး မြှင့်တင်ပါ။” ဖြစ်သည်။

ထို့အတူ အခမ်းအနားတွင် မြန်မာ့ ကျောက်မျက် ရတနာနေ့သို့ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာများအား ဖတ်ကြားခြင်း ၊ အထူးဂုဏ်ပြုလွှာများ ပေးအပ်ခြင်း ၊ ထပ်ဆင့် ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းများအား ပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ ၊ လွတ်တော် ကိုယ်စားလှယ်များ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ ကျောက်မျက် လုပ်ငန်းရှင် အသင်းများ ၊ အာဆီယံ နိုင်ငံများ နှင့် မိတ်ဖက် နိုင်ငံ ဒေသများမှ ဧည့်သည်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.