Connect with us

Local

မြန်မာ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ၂၀၁၉ ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ)

Invest Myanmar Summit 2019 အား နေပြည်တော် MICC II တွင် ယနေ့ စတင် ကျင်းပရာ အစည်းအဝေး ဖွင့် ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အရှေ့တောင်အာရှ၏ နောက်ဆုံး ရင်းနှီးမြှုပ်နှံရာ ဦးဆောင် ဈေးကွက် ဖြစ်လျက်ရှိပြီး ရင်းနှီးမြှုပ်ရန် အခွင့်အလမ်းကောင်းများ မရေတွက်နိုင်အောင် ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်သွားမည်ဟု အတည်ပြု ပြောကြားလိုကြောင်း၊ မြန်မာ့ ရင်းနှီးမြှုပ် နှံမှု မြှင့်တင်ရေး စီမံကိန်း(Myanmar Investment Promotion Plan MIPP) ကို မကြာမီက ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိသော စီးပွားရေး လုပ်ငန်းများဖြင့် နောင်အနှစ် ၂၀ တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် ရရှိရန် ရည်မှန်းထားကြောင်း၊ ၂၀၁၈ခုနှစ်၌ ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့ သော်လည်း မြန်မာနိုင်ငံက အာရှ ပစိဖိတ်ဒေသ ရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၃၉ ရာခိုင်နှုန်း ရရှိခဲ့ရာ ယခင်နှစ်ထက် ၉ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကြောင်း၊ ၂၀၁၈ သြဂုတ်လ တွင် ပြဌာန်းခဲ့သည့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ပိုပြီး အကာအကွယ်ပေးမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တက်ကြွပြီး ဉာဏ်ရည်မြင့်မားသော စီးပွားရေး လုပ်ငန်းရှင် များစွာ ရှိကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက ထိုသူတို့နှင့် အတူတကွ ဆောင်ရွက် ခြင်းဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းနိုင်မှာ သေချာကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Invest Myanmar Summit 2019 ကျင်းပနေစဉ် (ဆင်ဟွာ)

မြန်မာ့ ရိုးရာ အကပဒေသာဖြင့် ဖျော်ဖြေနေစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန် နိုင်ငံတို့နှင့် ဥရောပနိုင်ငံအချို့မှ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်တွင်း စီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည့် အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၂၈ မှ ၂၉ ရက်အထိ နှစ်ရက်တာ ကျင်းပမည် ဖြစ်ပြီး အစည်း အဝေး ပထမနေ့တွင် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်များနှင့် အရာရှိကြီးများက မိမိတို့ ဒေသတွင်း၇ှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းကောင်းများ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံ သူများအတွက် ဆွဲဆောင်နိုင်သည့် မဟာဗျူဟာများကို ရှင်းလင်း တင်ပြခဲ့ကြကြောင်း၊ ဒုတိယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ MIC ဥက္ကဌ ဦးသောင်းထွန်းက ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြား ချေးငွေ၊ နိုင်ငံခြား အကူအညီများ အပေါ် ပြည်ထောင်စု ဝန်ကြီးဌာနများအကြား ပိုမိုကောင်းမွန်သော ညှိနှိုင်း ဆောင်ရွက်မှုများဖြင့် စီမံကိန်းများ အောင်မြင်ရေး ဆောင်ရွက်လျက်၇ှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ MIC အတွင်းရေး မှူး ဦးအောင်နိုင်ဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ အမျိုးသား စီးပွား ညှိနှိုင်းရေး ကော်မတီ (NCC) ဝင် ဦးမင်းရဲပိုင်ဟိန်းတို့ကလည်း မြန်မာ့စီးပွားရပ်ဝန်းနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း၊ National Project Bank, The Engine of economic Growth and Job Creation, စသည်တို့ကို speakers များအဖြစ် ရှင်းလင်း တင်ပြခဲ့ကြသည်။

ထို့အပြင် နေ့လယ်ပိုင်း၌ ပုဂ္ဂလိက ကဏ္ဍ၊ Attracting Foreign Investments to Myanmar နှင့် ပတ်သက်ပြီး New Yangon Development Company Limited ၏ CEO ဦးသိမ်းဝေ၊ International Finance Corporation Country Manager Mr. Vihram Kumar, CITIC Group (Myanmar) ၏ MD Mr. Yuan Shaobin နှင့် CDC Group ၏ Country Rept. ဒေါ်သီရိသန့်မွန် တို့က Panelists များအဖြစ် ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.