Connect with us

Local

မသန်စွမ်းများအား အလုပ်အခွင့်အလမ်း ဖန်တီးပေးရာတွင် ပူးပေါင်းပါဝင်ကြဖို့ လို

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး အဖွင့် စကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

မသန်စွမ်းများအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာတွင် ပူးပေါင်းပါဝင်ကြဖို့ လို

မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရာတွင် NGO, INGO အဖွဲ့အစည်း အသီးသီးတို့က ပါဝင် ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကယနေ့ နံနက် ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ ရှိတဲ့ မသန်စွမ်းများကို စာရင်း ကောက်ယူပြီး ငွေကြေး ပံ့ပိုးမှုကို ကနဦး စနေပါပြီ။ အားလုံးကို ပြန့်ပြန် နှံ့နှံ့ ဆေင်ရွက်နိုင်ဖို့ကျ တော့ ဘတ်ဂျက်အနေအထားအရ တစ်ပြိုင်နက်တည်း မဆောင်ရွက်နိုင်ပါဘူး။ ဒါကြောင့် အလို အပ်ဆုံး နေရာတွေကနေ အဆင့်ဆင့် ဆောင်ရွက်နေပါတယ်။ နောက်ပြီးရင် မသန်စွမ်း အဆင့် ခွဲခြားခြင်းကို ဆောင်ရွက်နေတယ်၊ ဒါပြီးရင်တော့ မသန်စွမ်းများကို ပုံမှန်ထောက်ပံ့တဲ့ အဆင့် ဖြစ်လာ ပါမယ်၊ ငွေကြေး ထောက်ပံ့တာလောက်နဲ့တော့ မဖြစ်သေးဘူး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စွမ်းဆောင်ရည် မြင့်နိုင်သမျှ မြင့်လာအောင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးက ပိုအရေး ကြီးပါတယ်၊ ဒါကြောင့်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ INGO တွေ NGO တွေ အားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်” ဟု နေပြည်တော် M Gallery Hotel တွင် ယနေ့ပြုလုပ်သော Home-baseed Mushroom Caltivation for Persons with Disabelities in Ayeyawaddy Region စီမံချက် မိတ်ဆက် အခမ်းအနား၌့ ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံရုံးမှ ကောင်စစ်ဝန် Mr. Tim Vistarini အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

ရွှေမင်းသား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်း ကြိုဆိုနှုတ်ဆက်စကား ပြောကြားစဉ်။(ဆင်ဟွာ)

မသန်စွမ်းများ မှိုစိုက်ပျိုးရေး စီမံချက် မိတ်ဆက် အခမ်းအနား ကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြစဉ်။(ဆင်ဟွာ)

ထိုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုပြီး ထိရောက်ဖို့အတွက် နည်းသစ် လမ်းသစ်များ တီထွင်နိုင် ဖို့လိုအပ်ကြောင်း၊ ရွှေမင်းသား ဖောင်ဒေးရှင်းသည် မသန်စွမ်းများ ပိုမို စွမ်းဆောင်ရည် မြင့်မားလာစေ ရေး အတွက် အဘက်ဘက်မှ နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေသည် ကို တွေ့ရှိရကြောင်း၊ ယခု မှို စိုက်ပျိုးရေးမှာ နည်းပညာအရ ဆောင်ရွက်နိုင်သော နည်းလမ်း တစ်ခု ဖြစ်သောကြောင့် မသန်စွမ်း များ အတွက် များစွာ ထိရောက် အောင်မြင်မည်ဟု ယူဆပါကြောင်း၊ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွား လုပ်ငန်း၊ အလုပ်အကိုင် အခွင့်အလမ်း လက်လှမ်းမီရေး၊ မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့်မှတ်ပုံတင်ခြင်း၊ ပြန်လည် ထူထောင်ခြင်း၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ နယ်ပယ်များတွင် ပါဝင် ဆောင်ရွက်ခြင်း၊ တန်းတူ အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ဖော်ဆောင်ပေးခြင်းတို့အတွက် ငါးနှစ် စီမံကိန်း ပထမ မူကြမ်းကို ASEAN Enabling Master Plan 2025 နှင့်အညီ ပြုစုထားရှိပြီး ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ထိုစီမံချက်အရ ရွှေမင်းသား ဖောင်ဒေးရှင်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး ဧရာဝတီတိုင်းအတွင်းရှိ အိမိအခြေပြု မှိုစိုက်ပျိုးရေးကို စိတ်ဝင်စားသော မသန်စွမ်းနှင့် မိသားစုများ ၁၂၀ ဦးတို့အား ငွေနှင်းမှို၊ ကောက်ရိုးမှိုစိုက်ပျိုးခြင်း သင်တန်း၊ အခြေခံ ဈေးကွက် ရှာဖွေရေးဆိုင်ရာ သင်တန်း၊ အခြေခံ ငွေကြေး စီမံခန့်ခွဲမှု ဆိုင်ရာ ကျွမ်းကျင်သင်တန်းများပေးခြင်း၊ မှိုထုပ် နှစ်သောင်းတို့ကို အတိုးမဲ့ချေး ပေးခြင်း၊ မသန်စွမ်းသူတို့ ၏ မှိုစိုက်ခင်းများကို စိုက်ပျိုးရေးပညာရှင်များက သွားရောက် စစ်ဆေး၊ အကြံပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.