Connect with us

Local

ယခုနှစ်၌ ပြည်ပကို ဆန်တန်ချိန် သုံးသန်းကျော်တင်ပို့

မြန်မာနိုင်ငံ ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ(၂၀၁၈) အခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ်လ ၆ ရက် (ဆင်ဟွာ)

နိုင်ငံအ တွင်း မှန်ကန်သည့် ဈေးဖြင့် ဆန်ရနိုင်ဖို့ အရေးကြီးသည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက်ပိုင်း နေပြည်တော်(MICC_2)တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ(၂၀၁၈) အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ဆန်ဟာ ကျွန်မတို့ပြည်သူပြည်သားများရဲ့ အဓိက စားသုံးနေတဲ့ အစားအစာဖြစ်တာကြောင့် နိုင်ငံအတွင်းမှာ မှန်ကန်တဲ့ ဈေးနဲ့ ဆန်ရနိုင်ဖို့ အရေးကြီးပါတယ်၊ ဒါကိုလည်းကြည့်ရပါမယ်၊ တစ်ဘက်မှာလည်း ပြည်ပကို ပို့ကုန်တစ်ခုအနေနဲ့ ဆန်ဟာ နိုင်ငံအတွက် အကျိုးအမြတ်ရစေမယ့် ပစ္စည်းတစ်ခု၊ စီးပွားရေး လက်နက်တစ်ခု အနေနဲ့ လည်း ကြည့်ဖို့လိုပါတယ်၊ ဒီလိုနှစ်ခုစလုံး ကြည့်မှ အောင်မြင်နိုင်မှာပါ” ဟု ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

ပြည်ပသို့ ဆန်တင်ပို့ ရာတွင် မြန်မာနိုင်ငံသည် တစ်ချိန်က ကမ္ဘာ့ဆန်အိုးကြီး ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံကို ယှဉ်ပြိုင်နိုင်သူ မရှိခဲ့ကြောင်း၊ ယခု အခါ၌ ယခင်ကဲ့သို့ ထိပ်တန်းကိုပြန်ပြီးရောက်နိုင်သည့် အခြေ အနေများ ရှိလာပြီဖြစ်ကြောင်း၊ အားလုံးဝိုင်းပြီးကြိုး စား ဖို့လိုပါကြောင်း၊ ယခုနှစ်၌ ပြည်ပကို ဆန်တန်ချိန် သုံးသန်းကျော် တင်ပို့နိုင်ခဲ့ခြင်းမှာ နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမ ဦးဆုံး မြင့်တက် လာခြင်း ဖြစ်ကြောင်း၊ ထိုအခြေအနေကို ပိုပြီးတိုတက်အောင် အမြဲ ကြိုးပမ်းနေဖို့ လိုပါကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲ(၂၀၁၈) အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရအဖွဲ့၊ ဆန်ကုန်သည်ကြီးများနှင့် တောင်သူလယ်သမားများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ တက်ရောက် ဆွေးနွေးကြသည့် အဆိုပါ နှီးနှောဖလှယ်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ လွှတ်တော်၊ အစိုးရအဖွဲ့များမှသက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဝင်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ဥက္ကဋ္ဌများ၊ ပညာရှင်များလည်း တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အခြေခံ စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ အသင်းဝင် ဆန်စက်များ၊ ဆန်စပါးကုန်သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိက ကုမ္ပဏီအဖွဲ့အစည်းများသည် အစိုဓာတ်

၁၄ ရာခိုင်နှုန်း ရှိပြီး အဖျင်း၊ အမှော် ၊ ဖုန်၊ သဲ၊ ခဲ စသော အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါး တင်း တစ်ရာလျျှင် ကျပ်ငွေ ငါးသိန်း ဈေးနှုန်းကို အခြေခံ၍ ဝယ်ယူပေးရန်၊ ဈေးကွက် ပေါက်ဈေးသည် အခြေခံ ဈေးနှုန်း၏ အပေါ်တွင် ဖြစ်ပေါ်ပါက စှေးးကွက် ပေါက်ဈေးအတိုင်းဝယ်ယူရန်နှင့်၊ အကယ်၍ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်းအောက်တွင် ကျဆင်း ဖြစ်ပေါ်ပါက အခြေခံဈေးအတိုင်း ဝယ်ယူရန်စသည့် ကြေညာချက် သုံးချက် ပါရှိပြီး ယခု သတ်မှတ်သော အခြေခံ ဈေးနှုန်းသည် ၂၀၁၈ ခုနှစ် နွေစပါး ပေါ်ချိန်နှင့် ၂၀၁၈ ခုနှစ် မိုးစပါး ပေါ်ချိန်တို့အတွက် အဓိက ရည်ညွှန်းကြောင်းလည်း ဖော်ပြပါရှိသည်။

နှီးနှော ဖလှယ်ဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့် အမှာစကား ပြောအပြီးတွင် အဆိုပါ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ အကြံပေး အဖွဲ့ခေါင်းဆောင်ဦးတင်ထွဋ်ဦး၊ မြန်မာနိုင်ငံ ဆန်စစပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင် နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ နိုင်ငံ သံအမတ်ကြီးတို့က အမှာစကားများ၊ အကြံပြုချက်များ၊ ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.