Connect with us

Local

ပုသိမ်ကြီး မြို့နယ် အတွင်း တရားမဝင်သစ် ၁၀ တန်ကျော် သယ်ဆောင် လာသည့် မော်တော်ယာဉ်အား ဖမ်းဆီး ရမိ

တရားမဝင်သစ်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Forest Department)

ရန်ကုန် ၊ မတ် ၇ ရက်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီး မြို့နယ် အတွင်း တရားမဝင်သစ် ၁၀ တန်ကျော် သယ်ဆောင် လာသည့် မော်တော်ယာဉ်အား ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

မန္တလေး-မတ္တရာကားလမ်း၊ မိုင်တိုင်အမှတ်(၉/၁)အနီး နေရာ၌ ၆ ဘီး မော်တော်ယာဉ် တစ်စီး ပေါ်မှ တရား မဝင် အင်ခွဲသား (၆၀)ချောင်း (၁၀.၂၉၆၆)တန် နှင့်အတူ တရားခံ(၁)ဦးအား မတ် ၆ ရက်တွင် မန္တလေး ခရိုင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင် သစ်ရှာဖွေ ဖော်ထုတ် ဖမ်းဆီးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထိုဖမ်းဆီးရမိသော တရားမဝင်သစ်များ၊ ယာဉ်နှင့် တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)