Connect with us

Local

ယူနိုက်တက် အမရဘဏ် နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် တို့ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး

လက်မှတ်ရေးထိုးပွဲ မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--UAB Bank FB)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ယူနိုက်တက် အမရဘဏ် UAB နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် ADB တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ကဏ္ဍကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ သန်းအထိ ADB ဘဏ်၏ အာမခံချက်ဖြင့် ပံ့ပိုးကူညီ ခွင့်ပြုမည့် ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူစာချုပ် အရ ယူနိုက်တက် အမရဘဏ်မှ ထုတ်ပေးသည့် ငွေလွဲှစာတမ်း (Letters of Credit) များအား အာမခံပေးသည့် Trade Guarantee Facility ကို အာရှ ဖွံ့ဖြိုးရေးဘဏ ်မှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူ စာချုပ်သည် ကမ္ဘာတစ်လွှားရှိ ဘဏ်ပေါင်း ၂ဝဝ ကျော်နှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက်နေသော ADB ဘဏ်၏ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေး အစီအစဉ် Trade Finance Program (TFP) ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး UAB ဘဏ်အနေဖြင့် ADB ဘဏ်၏ အကြွေးပေးရန် စိတ်ချရမှု အကဲဖြတ်ချက် ADB’s AAA Credit Rating ကို ကောင်းစွာ အသုံးပြုခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးတိုးတက်သော အာရှဒေသတွင်း ၌ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ကို ပိုမိုအားကောင်း လာစေခြင်းနှင့် အတူ ကုန်သွယ်မှု ကဏ္ဍအား ပံ့ပိုးပေးနိုင်စွမ်းကို တိုးမြှင့်နိုင်ရန် ADB ၏ TFP အစီအစဉ်က နိုင်ငံတကာ အဆင့် ဘဏ္ဍာငွေကြေး အဖွဲ့အစည်း များနှင့် ဖြစ်နိုင်စွမ်းသော ဆုံးရှုံးမှုများ အတွက် မျှဝေတာဝန် ခံထားသည်။

ကမ္ဘာ့ထပ်ဆင့် အာမခံကုမ္ပဏီကြီး ဖြစ်သော Swiss Re-Insurance နှင့် စင်ကာပူ ကုမ္ပဏီများ တိုးတက်လာရေး အတွက် ဆောင်ရွက်ပေး နေသော အစိုးရအေဂျင်စီ ဖြစ်သည့် International Enterprise Singapore တို့က မြန်မာနိုင်ငံ၌ UAB အတွက် TFP အာမခံပေးမှု များကို ပံ့ပိုးပေး သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.