Connect with us

Local

 အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် မေလအတွင်း၆,၉၇၀ ခု ချုပ်ဆိုနိုင်ခဲ့ဟုဆို

ပြည်တွင်း အထည်ချုပ်လုပ်ငန်းခွင်တစ်ခု၌ အလုပ်သမားများ အလုပ်လုပ်နေသည်ကို တွေ့အားစဉ်(ဆင်ဟွာ)

ရန်ကုန်၊ဇူလိုင် ၁ ရက်(ဆင်ဟွာ)

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန   အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် မေလအတွင်း ကျား ၂,၁၄၄ ဦး၊ မ  ၄,၈၂၆ ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း ၆,၉၇၀ ခု ချုပ်ဆိုနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေ ပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ မေလအတွင်း လက်ခံရရှိမှု ၂၀၀ တွင် အခြားဌာနသို့ လွှဲပြောင်းမှုလေးမှု၊ ကျေအေးမှု ၁၇ မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု ၅၁ မှု၊ ပိတ်သိမ်းမှု ၁၈ မှု၊ ငွေကြေးအကျိုးခံစားခွင့် ၇၉ မှုနှင့် လက်ကျန်အမှု ၃၁ မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၂၇၈ ဦးအား ငွေ ၁၀၁,၆၀၇,၃၂၄ ကျပ်ကို ခံစားခွင့်ရရှိစေခဲ့ကြောင်း သိရသည်။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊   အလုပ်ရုံနှင့်  အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အလုပ် ပိတ်ရက်အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင် ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစား ခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၅,၃၀၀ ကျော်ကို ခံစားခွင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖြေရှင်းဆောင် ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင် ၃၆ မှုနှင့် ခုံသမာဓိကောင်စီ တွင် ၁၃ မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့်လည်း လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသ ပေးခြင်းများဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့် များထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ် သိန်းပေါင်း ၁၃,၉၀၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံ အလုပ် သမား ၉၈၅ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁,၂၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

အာမခံအလုပ်သမားများအား ၂၀၂၀ ပြည့်နှစ်၊ မေလ အတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေး ဆေးခန်း များနှင့်   ဌာနကြီးဆေးခန်းများတွင်   ဆေးကုသပေးမှု အခြေအနေများမှာ   အလုပ်သမားဆေးရုံကြီး   သုံးရုံ (ပြင်ပလူနာ ၃,၆၁၃ ဦး ၊ အတွင်းလူနာ ၂၆၅ ဦး)စုစုပေါင်း ၃,၈၇၈ ဦး၊ လူမှုဖူလုံရေးဆေးခန်း ၉၆ ခန်း၊ တိုင်းရင်းဆေး ခန်း၊ ဌာနကြီးဆေးခန်း ၆၀ နှင့် လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်း ၁၂ ခန်းနှင့် PPS စနစ်ဖြင့် စာချုပ် ချုပ်ဆိုထား သည့် ဆေးခန်း ခုနစ်ခန်းတို့မှ ဆေးကုသပေးမှု စုစုပေါင်း ၅၉,၈၇၄ ဦး၊ လူမှုဖူလုံရေး ဆေးခန်းများမှ ဆရာဝန်များ ကွင်းဆင်းဆေးကုသမှု ခြောက်ကြိမ်မှ ၁၀၇ ဦးတို့ကို ဆေး ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.