Connect with us

Media

အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်မှစတင်ကာ လျှပ်စစ်ကား အစီးရေ ၁.၇ သန်းကျော် မှတ်ပုံတင်ထား

နယူးဒေလီ ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်မှစတင်ကာ လျှပ်စစ်ကား(EVs) အစီးရေ ၁.၇ သန်းကျော် မှတ်ပုံတင်စာရင်းသွင်းထားပြီးဖြစ်ကြောင်း အိန္ဒိယအစိုးရက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းအချက်အလက်အား အကြီးစားစက်မှုလုပ်ငန်း ဝန်ကြီး Krishan Pal Gurjar က အိန္ဒိယပါလီမန် အောက်လွှတ်တော်၌ ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း လျှပ်စစ်ကား အစီးရေ ၁,၀၁၅,၁၉၆ စီး ၊ ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ကား ၃၂၇,၉၇၆ စီး နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၁၂၃,၀၉၂ စီး မှတ်ပုံတင်စာရင်းသွင်းခဲ့ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

၂၀၂၃ ခုနှစ်တွင် မတ်လ ၁၅ ရက်အထိ မှတ်ပုံတင်စာရင်းသွင်းထားသည့် လျှပ်စစ်ကား အစီးရေမှာ ၂၅၆,၉၈၀ စီး ရှိကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Over 1.7 mln electric vehicles registered in India since 2020
The Indian government Tuesday said that more than 1.7 million electric vehicles (EVs) were registered in the country since 2020.
The information was given by the junior federal minister of heavy industries Krishan Pal Gurjar in the lower house of the Indian parliament.
According to the minister, last year alone, 1,015,196 EVs were registered in the country. Prior to that in 2021 and 2020, the country registered 327,976 and 123,092 EVs respectively.
Gurjar said this year until March 15, the number of EVs registered stands at 256,980.
Xinhua News Agency correspondents reporting from New Delhi.(XHTV)