Connect with us

Local

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ လျာထားချက် ပြည့်မီရန် လိုအပ်မှုရှိနေ

ကုန်တင်ကားများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် မြန်မာ နိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ လျာထားချက် ပြည့်မီရေး အတွက် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ဝင်ရောက်ရန် လိုအပ် နေသေးကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံ များ နှင့်ကုန်သွယ်မှုကို ၃၁ ဒသမ ၃ ဘီလီယံ ရရှိနိုင်ရန် လျာထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ပထမပတ်အထိ ကုန်သွယ်မှု ပမာဏ ၂၃ ဘီလီယံခန့်သာ ဝင်သေးကြောင်း သိရသည်။

ပို့ကုန်ကဏ္ဍတွင် နိုင်ငံတော်ပိုင်း အနေဖြင့် တင်ပို့မှုမှာ ယခင်နှစ်ထက် ၁ဒသမ ၂ဘီလီယံခန့် လျော့နည်းခဲ့ပြီး ပုဂ္ဂလိက ပိုင်း တင်ပို့မှုမှာ ယခင်နှစ်ထက် ၁ ဒသမ ၈ ဘီလီယံနီးပါး တိုးပို့ခဲ့ကြောင်း၊ သွင်းကုန်ကဏ္ဍ တွင် အစိုးရပိုင်းအနေဖြင့် ယခင်နှစ်ထက် ၁ဒသမ ၇ဘီလီယံ လျော့နည်းသွားပြီး ပုဂ္ဂလိက ကဏ္ဍတွင် ၁.၃ဘီလီယံနီးပါး ပိုမိုတင်သွင်း လာသည်။

ယခုဘဏ္ဍာနှစ် တင်ပို့မှုတွင်လယ်ယာ ထွက်ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၂၃၁၄သန်း၊ တိရစ္ဆာန်ထွက် ပစ္စည်း တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ရှစ်သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၅၈ သန်းနှင့် သတ္တု တွင်းထွက် ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၁၂ သန်းခန့်၊ သစ်တောထွက် ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ၂ဝ၁ သန်းခန့် ရရှိထားပြီး စက်မှုကုန်ချော ပစ္စည်း တင်ပို့မှုမှ ၄၄၃ဝ သန်းနှင့် တခြားပစ္စည်းများ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၂၉၃ သန်းခန့် ကုန်သွယ်မှုငွေရရှိထားပြီး ဖြစ်သည်။

သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းတင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၄၈၅၇ သန်း၊ ရင်းနှီးမြှုပ်နှံမှု ကုန် ပစ္စည်း တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၅၄၂ဝသန်းခန့်နှင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၃၂၆၂ သန်းခန့်အထိ တင်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

ဘဏ္ဍာနှစ်ပြည့်မီရန် နှစ်လနီးပါး အလိုတွင် မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ လျာထားချက်၏ ၇၃ရာခိုင်နှုန်းသာ တင်ပို့နိုင်သေးကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.