Connect with us

Local

မောင်တောဒေသ၌ ဇန်နဝါရီလအတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ဒသမ ၈၇၂ သန်း ဆောင်ရွက်နိုင်ခဲ့

မောင်တော ကုန်သွယ်ရေးစခန်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မောင်တောဒေသ၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ဒသမ ၈၇၂ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မောင်တောကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးခင်ကျော်မြင့်၏ ပြောကြားချက်အရ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်းတွင် ပုံမှန်ကုန်သွယ်မှု ဆောင်ရွက်နိုင် ခဲ့သော်လည်း အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း ကုန်သွယ်မှုရပ်ဆိုင်း သွားခဲ့သည့် လများတွင် ကုန်သွယ်မှုလျော့နည်းခဲ့ကြောင်း၊ ကုန်သွယ်မှု အပြည့်အဝလုပ်နိုင်သည့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ကုန်သွယ်မှု ပမာဏ ဒေါ်လာ(ဒသမ ၈၇၂)သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၎င်းကုန်သွယ်မှုပမာဏသည် ယခင် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာ နှစ်နှင့် ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ များထဲတွင် အများဆုံးဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောဒေသတွင် အောက်တိုဘာလအတွင်းကုန်သွယ်မှုပမာဏ ဒေါ်လာ (ဒသမ ၆၂၃)သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလတွင် ၁ ရက်ကနေ ၂ ရက်အထိသာ ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်အထိ ကုန်သွယ်မှုများ ရပ်ဆိုင်းသွားခဲ့ကြောင်း၊ အဆိုပါ နိုဝင်ဘာလတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ (ဒသမ ဝ၅၅) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရပ်ဆိုင်းသွားသည့် ကုန်သွယ်မှုများသည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီဇင်ဘာလကုန်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ (ဒသမ၂၇၆) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဇန်နဝါရီလတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ(ဒသမ ၈၇၂) သန်းဆောင်ရွက် နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်အထိ ဒေါ်လာ (ဒသမ ၂၂၆)သန်း ဆောင်ရွက်ထားပြီးဖြစ်သည့် အတွက် ကုန်သွယ်မှုပမာဏ စုစုပေါင်း ဒေါ်လာ(၂ ဒသမ ဝ၅၂) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ထုတ်ပြန်ခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးအနေ နှင့် တရုတ်မျက်နှာစာတွင် ကုန်သွယ်ရေးစခန်း လေးခု၊ ထိုင်းမျက်နှာစာတွင် ကိုးခု၊ လာအိုမျက်နှာစာတွင် တစ်ခု၊ အိန္ဒိယမျက်နှာစာတွင် သုံးခု၊ ဘင်္ဂလားဒေ့ရှ်မျက်နှာစာတွင် နှစ်ခု၊ စုစုပေါင်း ကုန်သွယ်ရေး စခန်း ၁၇ ခု ရှိကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလး၊ မြစ်ကြီးနားနဲ့ ကျိုင်းတုံမြို့ များရှိ ရုံးများတွင် ပို့ကုန်၊ သွင်းကုန် လိုင်စင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.