Connect with us

Local

ရန်ကုန်အထူးစီးပွာရေးဇုန်ဖော်ဆောင်သွားရန်ရှိ

ရန်ကုန်မြို့၏ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်တွင် သီလဝါအထူးစီးပွားရေးဇုန်အပြင် ဒုတိယအဆင့်အနေ နှင့်ရန်ကုန်အထူးစီးပွားရေးဇုန် ဖော်ဆောင်သွားရန်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ကျင်းပ ခဲ့သည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ဒုတိယအကြိမ် ပုံမှန် တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်ဘဏ္ဍာငွေများစွာ ရှာဖွေပေးနေသည့် စက်မှုဇုန်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရန် လိုအပ်သည့်အတွက် စက်မှုဇုန်သစ်များ ထပ်မံအကောင်အထည်ဖော်သွားရန် ရှိသည့်အပြင် စက်မှုဇုန်တွင်း လမ်း၊ လျှပ်စစ်၊ ရေဆိုးစွန့်ပစ်မှုတို့ကိုလည်း စနစ်တကျကောင်းမွန်နေအောင် လုပ်ကိုင်ပေး ရန်ရှိကြောင်း၊ စက်မှုဇုန်အသစ်တစ်ခုအနေ နှင့် ရွာသာကြီးအနီးရှိ အိုးအိမ်ဦးစီးဌာနပိုင် မြေနေရာမှာ ထူထောင်ပေးခဲ့သည့် မျိုးစပါးစိုက်ပျိုးရေး ဇုန်နှစ်ခုနေရာတွင် ရင်းနှီးမြှုပ်နှံမှုများ အစုအဖွဲ့အလိုက် (ဥပမာ လုပ်ငန်း ၅၀) လာမည်ဆိုပါက ထိုနေရာကို အစိုးရက သင့်တင့်မျှတသည့် ဈေးနှင့်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟုလည်းသိရသည်။

အစိုးရအနေ နှင့် စက်မှုဇုန်အတွင်း လူနေထိုင်ခြင်းကို ခွင့်ပြုသွားမည် မဟုတ်ဘဲ စက်ရုံလုပ်သားများ သွားလာရေး အဆင်ပြေစေဖို့အတွက် စက်မှုဇုန် နှင့် အနီးဆုံးနေရာများတွင် အိမ်ရာစီမံကိန်း များကို ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့သစ်စီမံကိန်းအနေ နှင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်း တွင် လာမည့်ဘဏ္ဍာနှစ်အမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုစီမံကိန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်အားလုံးပါဝင်ခွင့်ရရန် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရအနေ နှင့် အိမ်ရာစီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် စနစ်ပုံစံအမျိုးမျိုးမဖြစ်စေရေးအတွက် ရန်ကုန်တွင် အိမ်ရာ ရောင်းဝယ်ပေးသည့် စနစ်တစ်ခုကို ADB နှင့် World Bank တို့က ကျွမ်းကျင်သူတွေနဲ့ ညှိနှိုင်းပြီး ချမှတ်ပေးသွားမည်ဖြစ်ကြောင်း House.com.mm ၏ သတင်းထုတ်ပြန် ချက်ထဲတွင် ပါရှိသည်။

House.com.mm ရဲ့ Co-founder and Managing Director ဖြစ်သူ Nitesh Khirwal (နီတက်ချ်ခီရာဝယ်) က “အထူးစီးပွားရေးဇုန်သစ်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့အတွက် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ တောင်းဆိုသွားမယ်လို့သိရပါတယ်။ ဒါဟာ စီးပွားရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးမှုတွေ ဖြစ် ပေါ်လာစေရုံသာမကဘဲ အိမ်ခြံမြေကဏ္ဍမှာလည်း ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေ၊ ပြည်ပရွှေ့ပြောင်းလုပ် သားတွေ၊ ကျွမ်းကျင်လုပ်သားတွေ ပါဝင်လာမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ ဒီစီမံကိန်းတွေကြောင့် အိမ်ခြံမြေဈေးတွေ မတက်စေဖို့နဲ့ ရွှေ့ပြောင်းလုပ်သားတွေ အဆင်ပြေစေဖို့အတွက် မြို့သစ်စီကိန်းတွေ တိုးချဲ့ဖော်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.