Connect with us

Culture & Entertainment

တရုတ် လူမျိုးတို့၏ မွေးသက္ကရာဇ် ကို ကိုယ်စားပြုသည့် ရိုးရာ (၁၂) ရာသီခွင်

တရုတ် ၁၂ ရာသီခွင်ပုံ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံနှင့် အရှေ့ အာရှ ဒေသရှိ နိုင်ငံ အချို့ရှိ တိုင်းရင်းသားများသည် တရုတ် ၁၂ ရာသီခွင်ဖြင့် မိမိ၏ မွေးသက္ကရာဇ် ကို ကိုယ်းစားပြု ကြသည်။

တရုတ် ၁၂ ရာသီခွင်တွင် ပါဝင်သော သတ္တဝါများမှာ ကြွက် ၊ နွား ၊ ကျား ၊ ယုန် ၊ နဂါး ၊ မြွေ ၊ မြင်း ၊ သိုး ၊ မျောက် ၊ ကြက် ၊ ခွေး နှင့် ဝက် တို့ ဖြစ်ကြသည်။
ထို့ကြောင့် တရုတ် နိုင်ငံတွင် တစ်နှစ်လျှင် သတ္တဝါ တစ်မျိုးဖြင့် ကိုယ်စားပြု လေ့ရှိပြီး ကြွက်မှ ဝက် အထိ အထက်ဖော်ပြပါ အတိုင်း အစဉ်လိုက် သတ်မှတ် သွားကြသည်။ ထို ကိုယ်စားပြု သတ္တဝါများကို တရုတ် နှစ်သစ်ကူးတွင် အပြောင်း အလဲ ပြုလုပ် ကြသည်။ ဥပမာ အားဖြင့် ယခု နှစ်သည် တရုတ် နိုင်ငံ၏ သိုးနှစ် ဖြစ်ပြီး နောင် လာမည့် တရုတ် နှစ်သစ်ကူး ရောက်လျှင် မျောက်နှစ်သို့ ကူပြောင်းမည် ဖြစ်သည်။
တရုတ် လူမျိုးများသည် မိမိတို့ မွေးဖွားသည့် နှစ်၏ ကိုယ်စားပြု သတ္တဝါကို မှတ်သားလေ့ ရှိပြီး အသက်အရွယ် တွက်ချက်မှု များပြုလုပ်သည့် စနစ် တစ်ခု အဖြင့်လည်း အသုံးပြု ကြသည်။ ရှေးယခင်က ဗေဒင်တွက် ချက်မှုများနှင့် အိမ်ထောင်ဘက် ရွေးချယ်မှု များတွင်လည်း တွင်ကျယ်စွာ အသုံးပြု ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.