Connect with us

Culture & Entertainment

ဟောလီးဝုဒ်တွင် တရုတ်ရုပ်ရှင် အကျော်အမော်များ၏ အမှတ်တရ လက်ရာနှင့် ခြေရာများ ရိုက်နှိပ် ထားရှိ

တရုတ် နာမည်ကြီး ဒါရိုက်တာ ဂျက်စတင် လင်း ၊ သရုပ်ဆောင် မင်းသမီး ကျောက်ဝေး နှင့် မင်းသား ဟွမ်ရှောင်မင် (ဘယ်မှညာ) လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဟောလိဝုဒ် TCL တရုတ် ပြဇာတ်ရုံရှေ့တွင် ဇွန်လ ၃ ရက်နေ့ က အမှတ်တရ လက်ရာ ရိုက်နှိပ်ပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျယ်လိစ် ၊ ဇွန် ၃ (ဆင်ဟွာ)

နာမည်ကြီး တရုတ် ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသည့် မင်းသမီးကျောက်ဝေး (Zhao Wei) ၊ မင်းသားဟွမ်ရှောင်မင် (Huang Xiaoming) နှင့် တရုတ်-အမေရိကန် ဒါရိုက်တာ ဂျက်စတင် လင်း (Justin Lin) တို့သည် ဟောလီးဝုဒ်တွင် ရှိသည့် TCL တရုတ် ပြဇာတ်ရုံ၏ မျက်နှာစာတွင် ၎င်းတို့၏ လက်ရာနှင့် ခြေရာများကို ကွန်ကရစ်ပေါ်တွင် အမှတ်တရ ရိုက်နှိပ် ထားရှိခဲ့သည်။

“ ဒါဟာ တရုတ် နိုင်ငံနှင့် ဟောလီးဝုဒ် အကြား တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရုပ်ရှင် ဖန်တီး ပြုလုပ်မှု အရရော စီးပွားရေးအရပါ စုပေါင်း ညှိနိုင်းဆောင်ရွက်မှုရဲ့ အကျိုးရလဒ်ကို ပြသနိုင်တဲ့ အကောင်းဆုံး အခွင့်အရေးပဲ ဖြစ်ပါတယ်ဟု တရုတ် TCL ပြဇာတ်ရုံ ဥက္ကဌ Alwyn Hight Kushner က ပြဇာတ်ရုံ တည်ထောင်ခြင်း (၈၈) နှစ်ပြည့်အခမ်းအနားနှင့် နာမည်ကြီး အနုပညာရှင်များ၏ အမှတ်တရ လက်ရာခြေရာ ရိုက်နှိပ်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ Fast and Furious” ဇာတ်လမ်းတွင် ပါဝင်သည့် Vin Diesel နှင့် အခြား နာမည်ကြီး သရုပ်ဆောင်များနှင့်အတူ ဒါရိုက်တာ ဂျက်စတင်လင်းက သူ၏ မိသားစုများ၊ သူငယ်ချင်း မိတ်ဆွေများကို ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

ဂျက်စတင်လင်းက ကျောက်ဝေး နှင့် ဟွမ်ရှောင်မင် တို့ သည် တရုတ်နိုင်ငံ၏ ကြယ်ပွင့်များဖြစ်ရုံသာမက ကမ္ဘာကျော် အနုပညာ ကြယ်ပွင့်များလည်း ဖြစ်စေကြောင်း ချီးကျူးစကား ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က မင်းသမီးကျောက်ဝေး ပူးပေါင်းပါဝင် ခဲ့ပြီး ဂျက်စတင် လင်း ရိုက်ကူးခဲ့သည့် “ Hollywood Adventures” ဇာတ်လမ်းကို တရုတ် နိုင်ငံတွင် ဇွန်လ အတွင်း ပြသမည် ဖြစ်သည်။

တရုတ် နာမည်ကြီး ဒါရိုက်တာ ဂျက်စတင် လင်း ၊ သရုပ်ဆောင် မင်းသမီး ကျောက်ဝေး နှင့် မင်းသား ဟွမ်ရှောင်မင် (ဘယ်မှညာ) လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဟောလိဝုဒ် TCL တရုတ် ပြဇာတ်ရုံရှေ့တွင် ဇွန်လ ၃ ရက်နေ့ က အမှတ်တရ လက်ရာ နှိပ်နေစဉ် (ဆင်ဟွာ)

တရုတ် နာမည်ကြီး ဒါရိုက်တာ ဂျက်စတင် လင်း ၊ သရုပ်ဆောင် မင်းသမီး ကျောက်ဝေး နှင့် မင်းသား ဟွမ်ရှောင်မင် တို့၏ အမှတ်တရ ရိုက်နှိပ်ထားသော လက်ရာနှင့် ခြေရာများကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဟောလိဝုဒ် TCL တရုတ် ပြဇာတ်ရုံရှေ့တွင် ဇွန်လ ၃ ရက်နေ့ က ပြသထားစဉ် (ဆင်ဟွာ)

“ တရုတ် နိုင်ငံမှ သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ကျွန်မ ရဲ့ လက်ရာ ၊ ခြေရာ တွေကို အခုလို ဒီနေရာမှာ ထားရှိတာကို အရမ်း ဂုဏ်ယူ မိပါတယ်။ နောင်နှစ် တွေမှာလည်း ကျွန်မ ရဲ့ ဒီ လက်ရာ ၊ ခြေရာ တွေကို လာပြီး ကြည့်ရှု နိုင်မယ်လို့ မျှော်လင့် ပါတယ်” ဟု မင်းသမီး ကျောက်ဝေးက ပြော သည်။

အသက် ၃၇ နှစ်ရှိပြီ ဖြစ်သည့် ဟွမ်ရှောင်မင် သည် ၂၀၀၁ ခုနှစ် တွင် နာမည်ကြီးခဲ့ သည့် ရုပ်သံ ဇာတ်လမ်းတွဲ “ Emperor Wu of Han Dynasty” တွင် ခေါင်းဆောင် မင်းသား နေရာတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သည့် ၁၀ စုနှစ် အတွင်းတွင် ဟွမ်သည် အကောင်းဆုံး သရုပ်ဆောင် ဆု များစွာကို သိမ်းပိုက် နိုင်ခဲ့သူ ဖြစ် သည်။

“ တရုတ် ပြည်မကြီးမှ ပထမဆုံး သရုပ်ဆောင် တစ်ဦး အနေနဲ့ အခုလို ကျွန်တော်ရဲ့လက်ရာ ၊ ခြေရာတွေ ကိုအမှတ်တရ အနေနဲ့ ချန်ထား နိုင်ခဲ့တာကို အရမ်းဝမ်းသာပါတယ်” ဟု ဟွမ်က ပြောသည်။

“ TCL တရုတ် ပြဇာတ်ရုံ၏ အမှတ်တရ လက်ရာ ၊ ခြေရာ ရိုက်နှိပ်ခြင်း အခမ်းအနား ကျင်းပခဲ့သော ၈၈ နှစ်ကြာ ကာလအတွင်း နာမည်ကျော် အနုပညာရှင် ပေါင်း ၁၇၅ ယောက်၏ အမှတ်တရ ခြေရာလက်ရာများကို ထားရှိနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.