Connect with us

Culture & Entertainment

ဆင်ဟွာဥက္ကဋ္ဌ နှင့် ရုရှား Tass သတင်းဋ္ဌာန ညွှန်ကြားရေးမှူးချုပ်တို့ တွေ့ဆုံ

ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျို (ယာ) နှင့် ရုရှား Tass သတင်းဋ္ဌာန ညွှန်ကြားရေးမှူးချုပ် Sergey Mikhaylov (ဝဲ) တို့ ပေကျင်းမြို့ ၌ ဇွန်လ ၆ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဋ္ဌာန ဥက္ကဋ္ဌ ချိုက်မင်းကျို နှင့် ရုရှား Tass သတင်းဋ္ဌာန ညွှန်ကြားရေးမှူးချုပ် Sergey Mikhaylov တို့သည် ပေကျင်းမြို့၌ ဇွန်လ ၆ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ဋ္ဌာန နှစ်ခု ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် သဘောတူခဲ့ကြောင်း သိရသည်။

ချိုက် က ပေကျင်း၌ ဇွန်လ ၇ ရက်နှင့် ၈ရက်နေ့တွင် ကျင်းပမည့် BRICS မီဒီယာဖိုရမ်သို့ တက်ရောက်မည့် Mikhaylov အား ကြိုဆိုခဲ့ပြီး ယင်းဖိုရမ်သည် မကြာမီကျင်းပတော့မည့် BRICS ထိပ်သီးညီလာခံအတွက် အခွင့်အလမ်းကောင်း များကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

၎င်း က BRICS မီဒီယာဖိုရမ် နှင့် ဆက်စပ် လှုပ်ရှားမှုများအတွက် Tass သတင်းဋ္ဌာန ၏ အထောက်အပံ့ပေးမှုများကို ဆင်ဟွာအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ နီးကပ်စွာ ဆက်ဆံရေးကို ကြိုဆိုသောအားဖြင့် ဆင်ဟွာသည် Tass သတင်းဋ္ဌာန နှင့် ညှိနှိုင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ပြီး တရုတ်-ရုရှား ချစ်ကြည်ရေးပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ချိုက်ကပြောကြားခဲ့သည်။

Mikhaylov က BRICS မီဒီယာဖိုရမ်သို့ တက်ရောက်ခွင့်ရသည့်အတွက် အလွန်ဝမ်းသာပါကြောင်း နှင့် ဆင်ဟွာ-Tass ပူးပေါင်းဆောင်ရွက်မှုများမှ အကျိုးရလဒ်ကောင်းများရရှိနိုင်ရန် ရှေးရှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

BRICS မီဒီယာဖိုရမ် အား ဆင်ဟွာ သတင်းဋ္ဌာနက အဆိုပြုခဲ့ပြီး BRICS အဖွဲ့ဝင် နိုင်ငံများ မှ အဓိကသတင်းမီဒီယာများနှင့် ပူးတွဲ ချိတ်ဆက်ကာ ဖိုရမ်အား စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ BRICS မီဒီယာဖိုရမ် သို့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံတို့ မှ သတင်းမီဒီယာ ၂၅ခု ၏ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.