Connect with us

Culture & Entertainment

၁၅ နှစ်ကြာ ပန်ဒါကြီးမျိုး သုတေသန ပြုလုပ်ရန်အတွက် တရုတ်နှင့် ဒိန်းမတ် သဘောတူ လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ တိရစ္ဆာန်ရုံ တစ်ခုရှိ ပန်ဒါ နှစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ဒူ၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံအကြား သုတေသန ပူးပေါင်းဆောင်ရွက်မှုလုပ်ရန်အတွက် ပန်ဒါကြီး နှစ်ကောင်ကို ဒိန်းမတ်နိုင်ငံ မြို့တော် Copenhagen သို့ ပို့ဆောင်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်ရှိ ပန်ဒါ သုတေသန အခြေစိုက်စခန်းက မေလ ၃ ရက်တွင် ပြောကြားခဲ့သည်။

ပန်ဒါ အထီး ဟဲရှင်း (He Xing) နှင့် ပန်ဒါ အမ မော်အာ (Mao Er) တို့သည် Copenhagen တိရစ္ဆာန်ရုံတွင် ၁၅ နှစ်ကြာ နေထိုင်ရမည်ဟု တရုတ်နိုင်ငံ တိရစ္ဆာန်ဗေဒဆိုင်ရာ ဥယျာဉ်များ အသင်းနှင့် Copenhagen တိရစ္ဆာန်ရုံတို့အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ပန်ဒါကြီးမျိုး ပြုစုစောင့်ရှောက်ရေး ချန်ဒူ သုတေသန အခြေစိုက်စခန်းက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Lars Loekke Rasmussen က စီချွမ်ပြည်နယ် ချန်ဒူသို့ လာရောက်ခဲ့စဉ်က ယခုလို သဘောတူညီခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ပန်ဒါ စုံတွဲထားရှိရာ နေရာသို့ သွားရောက်ခဲ့ပြီး ပန်းသီးများနှင့် တရုတ် ပေါင်မုန့်များ ကျွေးခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်ရုံကို ၂၄၅၀ စတုရန်းမီတာ အကျယ်အဝန်းရှိသော ပန်ဒါ နေအိမ် တစ်လုံးအဖြစ် ဒီဇိုင်းရေးဆွဲထားပြီး အနည်းဆုံး ကုန်ကျစရိတ် ဒိန်းမတ်ငွေ kroner ၁၅၀ သန်း (အမေရိကန် ဒေါ်လာ ၂၂ သန်း) ဝန်းကျင် ကုန်ကျနိုင်မည် ဖြစ်သည်။ နိုဝင်ဘာလတွင် စတင် တည်ဆောက်မည် ဖြစ်ပြီး တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။

ထို အစီအစဉ်အား ၂၀၁၄ ခုနှစ်တွင် ဒိန်းမတ် ဘုရင်မ Margrethe II’s က တရုတ်နိုင်ငံသို့ လာရောက်ခဲ့စဉ်က သဘောတူခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကစ၍ Copenhagen တိရစ္ဆာန်ရုံမှ တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ တိရစ္ဆာန်ရုံ ထိန်းသိမ်းသူများနှင့် အာဟာရပညာရှင်များကို ချန်ဒူ ပန်ဒါ အခြေစိုက်စခန်းသို့ စေလွှတ်ထားပြီး ဖြစ်ကြောင်း၊ ပန်ဒါတွေကို ပိုပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ယခု စီမံချက်တွင် ပါဝင်သည့် တိရစ္ဆာန်ရုံ ဝန်ထမ်းများမှာ တရုတ် ဘာသာစကား သင်ယူနေကြောင်း သိရသည်။

ကိုယ်အလေးချိန် ၁၁၈ ကီလိုဂရမ်ရှိသည့် ပန်ဒါ အထီး ဟဲရှင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် မွေးဖွားခဲ့ပြီး တက်ကြွသော သွင်ပြင်ရှိကြောင်း၊ ၎င်းသည် ပန်ဒါ ဖခင် ယုံးယုံနှင့် မိခင် ချန်ကုံးတို့၏ သား ဖြစ်သည်။

ပန်ဒါမလေး မော်အာ ခေါ် မော်ဆန်းကိုမူ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မွေးဖွားခဲ့ပြီး အလေးချိန်အားဖြင့် ၉၈ ကီလိုဂရမ်ရှိသည်။ ညင်သာ သိမ်မွေ့သော သွင်ပြင်ရှိသည့် မော်အာမှာ တစ်ကောင်တည်း နေရသည်ကို နှစ်သက်သည်။ ၎င်း၏ မိခင်မှာ မလေးရှားတွင် နေထိုင်လေ့ရှိသည့် ပန်ဒါ ဖူဝါ ဖြစ်ပြီး ဖခင်မှာ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံသို့ ပြန်ရောက်လာခဲ့သော ဂျပန်နိုင်ငံဖွား ပန်ဒါ ရှောင်ဘန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.